Monday, December 5, 2016

ကန်ဒေါ်လာငွေလဲနှုန်း ကျဆင်းလာမှုနှင့်အတူပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်း


စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေး နှုန်းများ ယခု ဒီဇင်ဘာလဆန်း ပိုင်းတွင် အမေရိကန်ဒေါ်လာငွေ လဲနှုန်း ကျဆင်းလာမှုနှင့်အတူ ပြည် တွင်းရွှေဈေးနှုန်း အနည်းငယ်ပြန် လည်ကျဆင်းလာကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်း မှ သိရသည်။နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်း ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၆၃၀၀၀ ၀န်းကျင်မှ လက်ရှိ ဒီဇင်ဘာ ၃ ရက်တွင် အကယ်ဒမီ ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၇၅၀၀ ၀န်းကျင်သို့ ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော် အောင်က ""ရွှေဈေးကတော့ ပြန်ကျ နေတယ်။ဒီနေ့ခုနစ်သိန်းငါး သောင်းကျော်လောက်ပဲရှိတယ်။ အဓိကတော့ ဒေါ်လာဈေးပြန်ကျ သွားလို့ အခုလိုကျသွားတာပါ""ဟု ဒီဇင်ဘာ ၃ ရက်က ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။လက်ရှိကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ယခင်အပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၁၈၀ ၀န်းကျင်မှ လကရှိဒီဇင်ဘာ လဆန်းပိုင်းတွင် ၁၁၇၈ ဒေါ်လာ ၀န်းကျင်သို့ အနည်းငယ်သာ ကျ ဆင်းခဲ့ကြောင်း သိရသည်။စီးပွားရေးလုပ်ငန်းရှင် ဦးသိန်း နိုင်က ""ဒေါ်လာဈေးကတော့ ဒီ နှစ်ရက်၊ သုံးရက်လောက်မှာတော့ ဈေးပြန်ကျသွားတယ်။ အများကြီး ကျတာမဟုတ်ဘူး။ တစ်ဒေါ်လာကို ၁၀ ကျပ်လောက်တော့ ကျသွား တယ်။တက်ခဲ့တဲ့ပမာဏနဲ့ယှဉ်ရင် တော်တော်နည်းသေးတယ်""ဟု ဆိုသည်။

ယခင်အပတ်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ပြင်ပ ဈေးကွက်
အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၃၆၀ ၀န်းကျင်မှ လက်ရှိ အမေ ရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၃၅၀ ၀န်းကျင်သို့ ပြန်လည် ကျဆင်းခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံရွှေ
လုပ်ငန်းရှင် အသင်းအတွင်းရေးမှူး ဦးကျော် ၀င်း(ဦးထုံရွှေဆိုင်)က ""အခုဈေး ကျတာက ကမ္ဘာ့ဈေးကြောင့် ကျတာ တော့ မဟုတ်ဘူး။ ကမ္ဘာ့ဈေးက အပြောင်းအလဲနည်းနည်းပဲရှိတယ်။ ဒေါ်လာဈေးကျလို့ ကျတာပါ။
ရွှေ ဈေးကျပေမယ့် အရောင်းအ၀ယ် ကတော့ အေးပါတယ်""ဟု ဆို သည်။

Credit To >>> Democracy Today



0 comments:

Post a Comment