Monday, December 5, 2016

အီးယူမှနုတ်ထွက်ပြီးပါက အချို့သောကိစ္စများတွင်ပူးပေါင်းသွားမည်ဟု ဗြိတိန်ဆို

ဗြိတိန်နိုင်ငံအနေဖြင့် အီးယူမှနုတ်ထွက်ပြီးနောက် ၎င်း၏ငွေကြေးများကို ထိန်းချုပ်သွားမည်ဖြစ်ပြီး အီးယူအတွက်လည်း ငွေကြေးအမြောက်အမြား သုံးစွဲတော့မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါကိစ္စအတွက် အစိုးရ၏ ညှိနှိုင်းဆောင်ရွက်မှုများအား ရှင်းလင်းပြတ်သားစေရန် စီးပွားရေးသမားများနှင့် အတိုက်အခံ ဥပဒေပြုအမတ်များက တောင်းဆိုလျက် ရှိသည်။ ဗြိတိန်အစိုးရအနေဖြင့် ဝယ်လိုအားသန်းငါးရာခန့် ရှိသော ဈေးကွက်တစ်ခုအား ဖန်တီးနိုင်ရန်အတွက် အီးယူကို ငွေကြးတစ်စုံတစ်ရာပေးလိမ့်မည်ဟု ဝန်ကြီးဒေးဗစ်ဒစ် က ပြောကြားသည်။ သို့သော် BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်က အစိုးရအနေဖြင့် ၎င်းအရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက် အများအပြားရှိကြောင်း ပြောဆိုခဲ့သည်။ ''ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ အီးယူနဲ့ ပူးပေါင်းမည်ဆိုပါက ကောင်းမွန်တဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ ဈေးကွက်ဖန်တီးရေးအတွက် ငွေကြေးထောက်ပံ့ မည့်ကိစ္စကတော့ ဒေးဗစ်ဒစ်အနေနဲ့ ဆုံးဖြတ်ရန် စဉ်းစား နေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် ခိုင်လုံစွာချမှတ်မှုမရှိသေးပါဘူး။ အရေးအကြီးဆုံးနားလည်ထားရမယ့် အချက်ကတော့ မြောက်မြားစွာသောငွေကြေးတွေဟာ အမျိုးသားကျန်းမာ ရေးလုပ်ငန်းကဲ့သို့သော လုပ်ငန်းများအတွက် ဗြိတိန်နိုင်ငံကိုပဲ ပြန်ရောက်လာမှာဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားမှုအတွက် ဂျွန်ဆင်အားဝေဖန်သူ အများအပြားပေါ်ပေါက်ခဲ့သည်။ အတိုက်အခံ လေဘာပါတီမှ ပြောခွင့်ရသူ ကားစ်စတီမာက အဆိုပါကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရှင်းလင်းပြတ်သားမှုရှိစေရန် လွှတ်တော်အား တိုက်တွန်းခဲ့ကြောင်းဆိုသည်။ ဗြိတိန် နိုင်ငံအနေဖြင့် အနာဂတ်အတွက် ရွေးချယ်သွားရမည့် နည်းလမ်းနှစ်ခုရှိကြောင်းနှင့် ၎င်းတို့အနက် တစ်ခုသည် အထီးကျန်ဆန်ကာ အီးယူမှနုတ်ထွက်ရေးဖြစ်ပြီး ဒုတိယတစ်ခုသည် အီးယူနှင့် ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ကြောင်း ကားစ်စတီမာက ဆက်လက်ပြောကြားခဲ့သည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment