Wednesday, January 8, 2014

ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မိ၊ လူ(၂)ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ထီးလှိုင် ကွန်ကရစ်လမ်း၊ ရှမ်းရွာအနီးတွင် ဇန်နဝါရီလ(၇)ရက်၊ ညနေ (၄း၁၀) နာရီအချိန်က အနောက်မှ အရှေ့သို့ ယာဉ်မောင် ငကျော်(၂၃)နှစ်၊ (ဘ)ဦးထွေး၊ ကုက္ကိုပင်စုရွာ၊ ဆင်ဆိပ် အုပ်စုနေသူ မောင်းနှင်လာသော ၉ဌ/၄၅၄၂၊ အပြာရောင် ထော်လာဂျီယာဉ်သည် ရှမ်းရွာအနီးသို့ အရောက်တွင် လမ်း၏တောင်ဘက် ညောင်ကိုင်း လမ်းခွဲမှ ကွန်ကရစ်လမ်းပေါ်သို့ ဖြတ်တက်လာသော
ဝင်းဘို(၃၆)နှစ်၊ (ဘ) ဦးတင်လှိုင်၊ လယ်လုပ်၊ မြင်းစာခွက်ရွာနေသူ မောင်းနှင်၍ နောက်မှ ဝင်းမြင့်(၃၄)နှစ်၊ (ဘ)ဦးဆင်၊ လယ်လုပ်၊ မြင်းစာခွက်ရွာ၊ ဆင်ဆိပ် အုပ်စု နေသူတို့ မောင်းနှင်လာသော ဟွန်ဒါ အမျိုးအစား(၁၁၀)၊ အနက်ရောင်၊ လိုင်စင်စီစစ်ဆဲ၊ ဆိုင်ကယ်နှင့် တိုက်မိခဲ့ရာ ဝင်းဘိုတွင် ညာဘက် နားထင်ပေါက်ပြဲဒဏ်ရာ၊ နှခေါင်းသွေးထွက်ဒဏ်ရာ၊ ဘယ်ဘက် နားပဲ့၊ ဒူးဆစ်အောက် ပွန်းပဲ့ဒဏ်ရာ နှင့် ဝင်းမြင့်တွင် ဘယ်ဘက် နားရွက်ပဲ့၊ ပါစပ်သွေးထွက်ဒဏ်ရာ၊ ဘယ်ခြေဖဝါး အောက်ပေါက်ပြဲဒဏ်ရာ၊ ဝဲချိုဇောင်း ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် နှစ်ဦးစလုံး သေဆုံးခဲ့ပြီး ထော်လာဂျီမောင်းနှင် သူ ငကျော်မှာ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိဘဲ အခင်းဖြစ် နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။
ငကျော်အား အရေးယူပေးပါရန် ရဲအုပ်မျိုးလွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်ငူ အမှတ်(၂) နယ်မြေရဲစခန်းမှ ပြစ်မှုပုဒ်မ(၃၀၄-က)အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။


MOI Webportal Myanmar

0 comments:

Post a Comment