Monday, December 5, 2016

ဧရာဝတီတိုင်းဒေသကြီးငရုတ်ကောင်းမြို့နှင့်ငွေဆောင်မြို့ကြားတွင် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်တည်ဆောက်မည်ဟုဆို

ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ မိုးတိမ် ပြင်ကျေးရွာနှင့်ငွေဆောင်မြို့ ဆင်မ ကျေးရွာကြား ကမ်းခြေဒေသတွင် Asia Pacific Finance Co.,Ltd (Myanmar)နှင့် Apcal Pte.Ltd (Singapore)တို့ပူးပေါင်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်တည်ဆောက်မည်ဖြစ် ကြောင်း ဒီဇင်ဘာ ၁ ရက် ညက ပုသိမ်ဟိုတယ်တွင် အဆိုပါကုမ္ပဏီမှ ပြုလုပ်သော စီမံကိန်းရှင်းလင်းပွဲမှ သိရသည်။
""ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ထွက်လာပြီးလို့ အစိုးရခွင့်ပြုချက်ရ တာနဲ့ စတင်ဆောင်ရွက်မှာပါ။ ငရုတ် ကောင်းဘက်က အိမ်ခြေများတော့ အခက်အခဲတွေ အများကြီးတွေ့နိုင် တယ်။ ဆင်မအနောက်ဘက် မိုးတိမ် ပြင်ကမ်းခြေဘက်က ရေလည်းနက် တယ်။ ရွာနဲ့လည်းသိပ်မနီးဘူး။ ဒီ နေရာကို ရွေးချယ်တာပါ။ ခွင့်ပြုချက် ရပြီးတာနဲ့ ဒေသခံတွေနဲ့
တွေ့ဆုံ ဆွေးနွေးပြီး အကောင်အထည်ဖော် သွားမှာပါ""ဟု Asia Pacific Fina-nce Co.,Ltd(Myanmar)အထွေ ထွေမန်နေဂျာ ဦးစောမင်းသန်းက
ဒီမိုကရေစီတူဒေးသို့ ပြောကြား သည်။
၂၀၁၂ ခုနှစ်တွင် MoU လက် မှတ်ရေးထိုးခဲ့သော ထိုင်းနိုင်ငံမှEmpire Asia Energy Group Co.,Ltd မှဆောင်ရွက်မည့် ငရုတ် ကောင်းဒေသ
ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံနှင့် စက်မှုဆိပ်ကမ်း တည်ဆောက်မည့် လုပ်ငန်းကိုလွှဲ ပြောင်းသည့်အတွက် ယခုကုမ္ပဏီ နှစ်ခုမှ ပူးပေါင်း
အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
""ဒီစီမံကိန်းကို အတည်ပြုချက် လာလုပ်တဲ့ ကုမ္ပဏီတွေအများကြီး ရှိပါတယ်။ နိုင်ငံတော်ရဲ့ပုံရိပ်ကောင်း ဖြစ်စေမယ့်ကုမ္ပဏီကိုတော့ နိုင်ငံ တော်
က ရွေးချယ်သွားမှာပါ""ဟု တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြား သည်။
""ဒေသခံပြည်သူတွေနဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေ အပြန်အလှန်ဆွေး
နွေးဖို့လိုအပ်ပါမယ်။ လုပ်ငန်းမစတင် မီအချိန်ကတည်းက ဒေသခံတွေကို လုပ်ငန်းအစီအစဉ်ပွင့်လင်းမြင်သာ ချပြဖို့ လိုအပ်ပါတယ်။ ဒေသခံတွေ အတွက်လည်း မြေယာကိစ္စတွေမှာ ကောင်းကျိုးဆိုးကျိုးညှိနှိုင်း
သုံးသပ် လို့ရမယ်။ ဒါမှ သူတို့ဆောင်ရွက် မယ့် လူမှုဖူလုံရေးလုပ်ငန်းကိုလည်း ပံ့ပိုးဆောင်ရွက်ရာကျမယ်""ဟု ဆင်မ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ပြောကြားသည်။
၂၀၁၇ ခုနှစ်မှစတင်၍ ၂၅ နှစ်စီမံကိန်း အဆင့် ၁၊ ၂၊ ၃ တို့ဖြင့် ခွဲခြားဆောင်ရွက်ရမည့် ရေနက် ဆိပ်ခံတံတား၊ စက်မှုဇုန်၊ ရထားလမ်း၊ ကားလမ်း၊ ရေလှောင်ကန်၊ ဟိုတယ် များ၊ ယာဉ်ရပ်နားစခန်းကြီးများတို့ ကို တည်ဆောက်မည်ဟုသိရှိရပြီး ဆင်မဒေသမှ မြ၀တီသို့ဆက်သွယ် မည့် ရထားလမ်းစီမံကိန်းကို BOT စနစ်ဖြင့်လည်းကောင်း၊ ဆင်မဒေသ မှ ကွမ်းခြံကုန်း၊ ဒလဆိပ်ကမ်းအထိ ဆက်သွယ်မည့်ခြောက်လမ်းသွား အမြန်လမ်းမကြီးကိုလည်း BOT စနစ်ဖြင့်လည်းကောင်း အကောင် အထည်ဖော်၍ ရထားလမ်းနှင့် အမြန် လမ်းမကြီးတစ်လျှောက်ရှိ မြို့ရွာများ တွင်လည်း စက်မှုဇုန်ငယ်များ Co-ntract Farming မွေးမြူရေးခြံများ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

Credit To >>> Democracy Today

0 comments:

Post a Comment