Friday, December 9, 2016

အပစ်ရပ်စောင့်ကြည့်လုပ်ငန်းစဉ်တွင် နည်းပညာနှင့် ပညာရှင်ပိုင်း ပါဝင်ကူညီနိုင်ရေး ကုလသမဂ္ဂကမ်းလှမ်း

မြန်မာနိုင်ငံ၏ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့် လုပ်ငန်းစဉ်များတွင် ငွေကြေး ထောက်ပံ့မှုသာမက နည်းပညာ ပိုင်းနှင့် ပညာရှင်ပိုင်း၌ ပါဝင် ကူညီနိုင်သည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဒုဥက္ကဋ္ဌ(၂) ဦးမောင် မောင်ငြိမ်း ဦးဆောင်သော အဖွဲ့ ၀င်များနှင့် ကုလကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း JMC-U က သတင်း ထုတ်ပြန်သည်။

UN မှ Mr.Miroslav Jenca ဦးဆောင်သော ကိုယ်စားလှယ်အ ဖွဲ့နှင့် JMC-U ကိုယ်စားလှယ်တို့ သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ လုပ်ငန်းများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်ဟု သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။‘‘သူတို့ဘက်က လောလော ဆယ် ငွေရေးကြေးရေးအရ အ ထောက်အကူပေးနေကြတာ။ ဒါ ပေမဲ့ တစ်ဖက်မှာပညာရှင်ပိုင်း၊ နည်းပညာပိုင်းကိုလည်း သူတို့ ဘယ်လိုပါဝင်ကူညီပေးနိုင်မလဲ ပေါ့။ ကိုလံဘီယာမှာ သူ (Mr. Miroslav Jenca) လုပ်ခဲ့တဲ့ အ ချိန်တုန်းက ပထမတုန်းကတော့ ကိုလံဘီယာအတွေ့အကြုံက ကျွန်တော်တို့လိုပဲပေါ့။ နှစ်ဖက် ပေါင်းပြီးတော့ လုပ်ထားတာ ပေါ့။ ဒါပေမဲ့နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ UN ကနေ ပါဝင် ပေးပြီးတော့ အထောက်အကူပြု တဲ့ အပိုင်းတွေပါလာတဲ့အခါပိုပြီး တိုးတက်မှုတွေရှိလာတယ်ဆိုတာ ကို ထောက်ပြတာ။ အဲဒီအပိုင်း ကိုလည်း ကျွန်တော်တို့ဘက်က လက်ခံတယ်ဆိုရင် သူတို့ကူညီဖို့ ရှိပါတယ်ဆိုတဲ့ သတင်းစကားပါ ပဲ’’ဟု တွေ့ဆုံပွဲတွင် ပါဝင်သည့် JMC-U အဖွဲ့ဝင် ဖဒိုစောတာဒိုမူး ကပြောသည်။

JMC-U နှင့် ကုလကိုယ်စား လှယ်အဖွဲ့တို့၏ ဆွေးနွေးချက် များကို JMC-U ပုံမှန်အစည်းအ ဝေးသို့ တင်ပြမည်ဟု ကရင် အမျိုးသားအစည်းအရုံး KNU ဗဟို အလုပ်အမှုဆောင်ကော်မတီအ ဖွဲ့ဝင်လည်းဖြစ်သူ ဖဒိုစောတာဒို မူးကပြောသည်။

‘‘ကျွန်တော်တို့ကတော့ ဒီ ပဋိပက္ခဖြစ်တဲ့အဖွဲ့အစည်းနှစ်ဖွဲ့ အပြင် ကြားနေနိုင်တဲ့ တတိယ အစုအဖွဲ့က ဘက်မလိုက်ဘဲနဲ့ ရပ်တည်ခြင်းက နှစ်ဖက်ကြားမှာ ရှိတဲ့ ယုံကြည်မှုတည်ဆောက်ရေး ကို အများကြီးအထောက်အကူ ပြုတယ်ပေါ့နော်။ ကမ္ဘာကိုလည်း ရှင်းရှင်းလင်းလင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ဘယ် လောက်အထိ ကျွန်တော်တို့ ယုံ ယုံကြည်ကြည်နဲ့ လုပ်ကိုင်ကြသ လဲဆိုတာ ဖော်ပြရာကျတယ်’’ ဟု ဖဒိုစောတာဒိုမူးက ၎င်း၏သဘော ထားကို ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်း များ၊ နိုင်ငံများအနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အထူးသဖြင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) အကောင်အထည်ဖော်မှုများကို ငွေကြေးထောက်ပံ့မှုပြုလုပ်ရာ တွင် ကုလမှတစ်ဆင့် ထောက်ပံ့ ကူညီလျက်ရှိပြီး ဆက်လက်ကူညီ နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများလုပ် ဆောင်နေသည်။

အခြားတစ်ဖက်တွင်လည်း အစိုးရ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး သည့် တိုင်းရင်းသားအဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များ သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရန်ပုံငွေများကို အတူတကွပူးတွဲစီမံခန့်ခွဲနိုင်ရေး ညှိ နှိုင်းလျက်ရှိပြီး ပူးတွဲညှိနှိုင်းရေး အဖွဲ့ကို အစိုးရကိုယ်စားလှယ် ရှစ်ဦး၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ကိုယ်စားလှယ် ရှစ် ဦး စုစုပေါင်း ၁၆ ဦးဖြင့်ဖွဲ့စည်း ရန် ဆောင်ရွက်နေသည်။

ငြိမ်းချမ်းရေးအတွက် ရန်ပုံ ငွေရရှိရေးကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗ ဟိုဌာန (NRPC) ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ရန်ပုံငွေ ရရှိရေးတာဝန်ယူသည်ဟု NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment