Friday, December 9, 2016

အမျိုးသားလွှတ်တော်တွင် မောင်တောဒေသနှင့်ပတ်သက်၍ တင်သွင်းမည့်အဆိုကို ရခိုင်အမတ်ပြန်လည်ရုပ်သိမ်း


 မောင်တောဒေသ နှင့် ပတ်သက်သည့် အဆိုတင် သွင်းရန် ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပသော အမျိုးသားလွှတ် တော်အစီအစဉ်၌ ပါရှိသော် လည်း ရခိုင်အမျိုးသားပါတီအ မတ် ဦးကျော်ကျော်ဝင်းက ၎င်း၏ အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ သည်။

ယင်းအဆိုကို နိုဝင်ဘာ ၂၁ ရက်က အရေးကြီးအဆိုအဖြစ် တင်သွင်းသော်လည်း ဥက္ကဋ္ဌက မေးခွန်းအဖြစ်သာ ပြောင်းလဲမေး မြန်းခိုင်းကြောင်း မီဒီယာသုံးခု အား ဦးကျော်ကျော်ဝင်းက ပြော ကြားခဲ့မှုနှင့်ပတ်သက်၍ ယနေ့ ယင်းအဆိုကို ထပ်မံတင်သွင်းစဉ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နာရီဝက်ခန့် ရှင်းလင်းပြီးနောက် အဆိုရှင်က အဆိုကို တင်သွင်း ခြင်းမပြုတော့ဘဲ ရုပ်သိမ်းသွားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ဝင်း၏‘မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အသက်အန္တရာယ်ကင်းဝေးပြီး စားဝတ်နေရေးအဆင်ပြေစွာ ဘ၀လုံလုံခြုံခြုံရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ၊နောက်ထပ် မကျူးကျော်နိုင်စေရေး စီမံဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်း’ အဆိုကို ပြန်လည် ရုပ်သိမ်းခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၁ ရက်တွင် အ ရေးကြီးအဆိုတင်သွင်းစဉ်က ခွင့် မပြုခဲ့ခြင်းမှာ နည်းဥပဒေနှင့် ညီ ညွတ်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်းဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၈ ရက်တွင် အမျိုးသားလွှတ်တော်၌ ပြန်လည်ရှင်းလင်းသည်။
ထို့ပြင် ဦးကျော်ကျော်ဝင်းက မီဒီယာများအား ဖြေကြားသကဲ့သို့ အရေးကြီးအဆိုကို မေးခွန်းအဖြစ်သာ ပြောင်းလဲခိုင်းခြင်းမှာလည်း မဟုတ်မှန်ကြောင်း ဥက္ကဋ္ဌက ပြောကြားသည်။
‘‘ဥပဒေနဲ့ မညီလို့ လက်မခံ တာ။ ဒီမှာကျတော့ ဥပဒေအရ အကုန်လုံးပြည့်စုံတယ်။ မေးခွန်း ပြောင်းဆိုတော့ ဒါ ဥက္ကဋ္ဌမပြော တဲ့စကား မဟုတ်မမှန် လုပ်ကြံ ပြောတဲ့စကား ဖြစ်သွားပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ပြောတာလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါ တယ်’’ဟု ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြောသည်။
Eleven၊ BBC နှင့် သံတော် ဆင့်သတင်းဌာနများတွင် ပါရှိ သော အဆိုပါသတင်းကို ဥက္ကဋ္ဌ က အသေးစိတ်ဖတ်ပြပြီး ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
‘‘လွှတ်တော်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်’’ဟု မန်းဝင်း ခိုင်သန်းက ပြောသည်။
အရေးကြီးအဆို တင်သွင်း ပါက ပထမဆုံး လောလောဆယ် ပေါ်ပေါက်သည့်ကိစ္စဖြစ်ခြင်း၊ အ များပြည်သူနှင့် အရေးကြီးသက် ဆိုင်သောကိစ္စဖြစ်ခြင်း၊ လွှတ် တော်၏ အဆုံးအဖြတ်ကို ရယူရန် လိုအပ်သည့်ကိစ္စဖြစ်ခြင်း စသည့် အင်္ဂါရပ်များနှင့်ပြည့်စုံရမည်ဖြစ် ကြောင်း ဥက္ကဋ္ဌက ရှင်းပြသည်။
နည်းဥပဒေများနှင့် မညီ ညွတ်သဖြင့် အဆိုကို ပယ်ချ၍ရ သော်လည်း ခွင့်ပြုပေးခဲ့ကြောင်း ဥက္ကဋ္ဌက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဦးကျော်ကျော်ဝင်းအား မီဒီယာများက မေးမြန်းရာ‘‘မေးခွန်းပြောင်း ပေးပါလို့ တိုက်ရိုက်ပြောတာ တော့ မဟုတ်ဘူး။ ဒီဟာကို ရိုးရိုး အဆိုလည်း ရတယ်၊ မေးခွန်း လည်းရတယ်။ ဒီအဆိုကို နောက် ထပ်တင်မယ်ဆိုရင် ဥပဒေအရ အရေးကြီးမဟုတ်လို့ ဒါကို ဥပဒေ အရ အရေးကြီးအဆိုလို့ မသတ် မှတ်ဘူးပေါ့’’ဟု ပြောသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း ပြောလာ၍ အဆိုကိုပြန်လည်ရုပ် သိမ်းခြင်းဖြစ်ကြောင်း ဦးကျော် ကျော်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ်နှင့် ပတ်သက် သည့် အဆိုတစ်ခုကို ရခိုင်အမျိုး သားပါတီကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် တင်သွင်း ရန် ကြိုးစားစဉ်ကလည်း မအောင် မြင်ပေ။
ရခိုင်ပြည်နယ်တွင် အကြမ်း ဖက်လုပ်ရပ်များ လုံးဝချုပ်ငြိမ်း သည်အထိ အမြစ်ပြတ်ချေမှုန်းနိုင် ရန် လိုအပ်သော အစီအမံများ ချ မှတ်ဆောင်ရွက်ပေးရေး အစိုးရ အား တိုက်တွန်းသည့် အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းရန် ကြိုးပမ်းရာ၌ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရာ တွင် အစိုးရက အဆိုတွင်ပါဝင် သည့် အကြောင်းအရာများ ဆောင် ရွက်ပေးနေ၍ အရေးကြီးအဆိုအ ဖြစ် တင်သွင်းခွင့်မရခြင်းဖြစ် ကြောင်း အဆိုတင်သွင်းမည့် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကပြောသည်။
လွှတ်တော်သို့ အရေးကြီး အဆို တင်သွင်းခွင့်မရခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် လေးဦးတို့သည် နိုဝင်ဘာ ၂၃ ရက်က ပြည်သူ့လွှတ်တော်အ စည်းအဝေးအပြီး သတင်းထောက် များနှင့်တွေ့ဆုံကာ တင်သွင်းခွင့် မရသည့်အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment