Tuesday, December 20, 2016

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်ခြင်း မရှိပါက ပြန်လည်အပ်နှံရန် ကြေညာ

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်ခြင်းမရှိပါက ပြန်လည်အပ်နှံရန် ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်က  ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာ ဦးရေ ၃၀၃ ဦးအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဧရိယာ ၅၉၀၄၆၀ ဒသမ ၈၃ ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း မရှိပါက ဤအမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်အပ်နှံရန် အကြောင်းကြားကြောင်း ထုတ်ပြန်ခဲ့သည်။
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခဲ့သော်လည်း ၂၀၁၂ ခု နှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ အခန်း (၇) တွင် ဤဥပဒေ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ ခွင့်ပြု မိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသော ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ပုဒ်မ  ၂၂ ပုဒ်မခွဲ(ဂ)တွင် 'မူလခွင့်ပြု ကာလထက် ကျော်လွန်သည့်အထိ ဖော်ထုတ် လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်' ဟု အမိန့်ကြေညာချက်အတွင်း ဖော်ပြခဲ့သည်။
အလားတူ ပုဒ်မ ၂၂ ပုဒ်မခွဲ(ဃ)တွင် 'မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်းတွေ့ရှိပါက အာမခံကြေးကိုနိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည့်အပြင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခံရမည်' ဟုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများသည် 'မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့် ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း မရှိပါက ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံရမည်'ဟု ပြဋ္ဌာန်းထားသည်ဟု ကြေညာခဲ့သည်။
လုပ်ကိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်နိုင်ခြင်း အသုံးပြုနိုင်ခြင်း မရှိသည့် မြေဧရိယာ တစ်စိတ်တစ်ဒေသအား ပြန်လည်အပ်နှံသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြေစာရင်း ပုံစံ(၁၀၅)၊မြေပုံမူရင်းသုံးပုံကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိခဲ့သည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ(၁၀၅)၊ မြေပုံ မူရင်းတစ်ပုံ၊ တစ်စိတ်တစ်ဒေသ ပြန်လည် အပ်နှံမည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ ၁၀၅ ၊မြေပုံ မူရင်းတစ်ပုံ၊ ကျန်ရှိသည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ ၁၀၅ ၊ မြေပုံမူရင်း တို့ကို တင်ပြရမည်ဟု သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment