Monday, December 5, 2016

ရှစ်လတာအတွင်း ကုန်သွယ်ရေးပမာဏ ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၈၅၅ သန်းကျော် လျော့နည်း

ယခု ၂၀၁၆-၁၇ဘဏ္ဍာ နှစ်ဧပြီမှ နိုဝင်ဘာအထိ ရှစ်လ တာအတွင်း ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၈၅၅သန်းကျော်လျော့နည်းနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ပင်လယ်ရေ ကြောင်းမှ ကန်ဒေါ်လာ ၁၂ဘီလီ ယံနှင့် နယ်စပ်လမ်းကြောင်းမှကန် ဒေါ်လာ ၄ဒသမ၆ဘီလီယံကျော် ကုန်သွယ်ထားပြီး စုစုပေါင်းကန် ဒေါ်လာ ၁၆ဒသမ၇ဘီလီယံကျော် ရှိသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူတွင်ပြည်ပနိုင်ငံများနှင့်ကန်ဒေါ် လာ ၁၇ဒသမ၅ ဘီလီယံကျော် ကုန်သွယ်နိုင်ကြောင်း ကုန်သွယ် မှု မြှင့်တင်ရေးဦးစီးဌာန စာရင်းများအရသိရသည်။

ပြည်ပနိုင်ငံများသို့ ကန်ဒေါ် လာ ၇ဒသမ၂ ဘီလီယံတန်ဖိုးရှိ သည့် ပို့ကုန်များတင်ပို့ထားပြီး အ ဆိုပါပို့ကုန်များထဲမှ စက်မှုကုန် ချော၊ လယ်ယာထွက်ကုန်နှင့် အ ခြားပို့ကုန်များသည် တင်ပို့မှုအများဆုံးဖြစ်ကြောင်းကုန်သွယ်မှုစာရင်းများအရသိရသည်။

ပြည်ပသို့အများဆုံးတင်ပို့ သော ပို့ကုန်များဖြစ်သည့် စက်မှု ကုန်ချောမှာ ကန်ဒေါ်လာ ၃ဒသမ ၂ ဘီလီယံကျော်၊ လယ်ယာထွက် ကုန် ကန်ဒေါ်လာ ၁ဒသမ၇ဘီလီ ယံကျော်နှင့် အခြားပို့ကုန်ကန်ဒေါ် လာ ၁ဒသမ၁ဘီလီယံကျော်အ ထိ တင်ပို့ထားသည်။

ကျန်ပို့ကုန်များဖြစ်သည့် ရေထွက်ကုန်ပစ္စည်းကန်ဒေါ်လာ ၃၂၇ သန်းနှင့် သစ်တောထွက် ပစ္စည်း ကန်ဒေါ်လာ ၁၅၇သန်း တင်ပို့ထားကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးတစ်ဦးကပြောသည်။

ပြည်ပနိုင်ငံများမှ ကန်ဒေါ် လာ ၉ဒသမ၄ ဘီလီယံတန်ဖိုးရှိ သည့် ကုန်ပစ္စည်းများပြန်လည် တင်သွင်းထားပြီးရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးကုန် ပစ္စည်းတင်သွင်းမှုအများဆုံးဖြစ် ကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ စာရင်းများအရသိရ သည်။ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ကန်ဒေါ်လာ ၃ဒသမ၄ဘီလီယံ၊ လုပ်ငန်းသုံးကုန်ပစ္စည်းကန်ဒေါ် လာ ၃ ဒသမ ၁ ဘီလီယံကျော်နှင့် လူသုံးကုန်ပစ္စည်းကန်ဒေါ်လာ ၂ ဒသမ၃ဘီလီယံအထိပြန်လည် တင်သွင်းထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment