Thursday, December 15, 2016

ချီလီတွင် အပူချိန်လွန်ကဲနိုင်မှုကြောင့် အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ထား

နိုင်ငံအလယ်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း နေ့အပူချိန်မှာ အဆမတန်မြင့်တက်လာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာနေထိုင်ကြရန် ချီလီ မိုးလေ၀သညွန်ကြားမှုဦးစီးဌာန DMC က ဒီဇင်ဘာလ ၁၄ ရက်တွင် အပူချိန်သတိပေးချက်တစ်ခုကို ထုတ်ပြန်သွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံအလယ်ပိုင်းရှိ ဒေသများတွင် အပူချိန်မှာ ၃၈ ဒီဂရီ စင်တီဂရိတ် (၁၀၀ ဖာရင်ဟိုက်) ထိ မြင့်တက်လာနိုင်ဖွယ်ရှိနေကြောင်း မိုးလေ၀သဌာနက သတိပေးထုတ်ပြန်ထားသည်။

ယင်းဒေသများရှိ နေ့အပူချိန်မှာ ညနေငါးနာရီဝန်းကျင်တွင် ယင်း၏အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိလာနိုင်ကြောင်းနှင့် လူဦးရေ ၇ သန်းခန့်နေထိုင်သော Santiago ၀န်းကျင် ဒေသတွင်လည်း အပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်မှ ၃၆ ဒီဂရီ စင်တီဂရိတ်အကြား မြင့်တက်နိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ယခုအချိန်ကာလ၌ ပြည်သူများအနေဖြင့် အပူဒဏ်ကာကွယ်ရေး သတိပေးချက်များအတိုင်း လိုက်နာနေထိုင်ကြရန် တိုက်တွန်းထားသည်။

ပုံမှန်အားဖြင့် ယင်းနိုင်ငံအတွက် အပူပြင်းဆုံးလဖြစ်သည့် ဇန်န၀ါရီလတွင်ပင် ပျမ်းမျှ အပူချိန်မှာ ၂၁ ဒီဂရီ စင်တီဂရိတ် (၆၉ ဒီဂရီ ဖာရင်ဟိုက်) ဖြစ်သောကြောင့် ယခုမြင့်တက်လာနိုင်သည့် အပူချိန်မှာ ပြင်းထန်လွန်းနေခြင်းလည်း ဖြစ်သည်။



Credit To >>> Mizzima Burmese

0 comments:

Post a Comment