Tuesday, November 1, 2016

Facebook ၊Twitter နဲ့ Google တို့ကို ကလိမ်ကကျစ် မီဒီယာတွေလို့ ဒေါ်နယ်ထရန့် စွပ်စွဲ

Facebook ၊Twitter နဲ့ Google တို့ကို ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရန့်က ပြစ်တင်ပြောကြားသွားခဲ့ပြီး
ယင်းနည်းပညာကုမ္ပဏီကြီးတွေဟာ ပြိုင်ဘက် ဟီလာရီကလင်တန်ရဲ့အီးမေးလ်တွေနဲ့ပတ်သက်လို့ FBI ရဲ့ ပြန်လည်စုံစမ်းစစ်ဆေးမှုသတင်းတွေကိုတော့ဖုံးကွယ်ထားကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြိုင်ဘက် ဟီလာရီအပေါ်အလေးပေးလုပ်ဆောင်ပေးနေတယ်လို့ ယခင်ကာလတွေကတည်းက မီဒီယာလုပ်ငန်းတွေကိုရီပတ်ဘလစ်ကန်ု သမ္မတလောင်း ထရန့်ကစွပ်စွဲပြောကြာထားခဲ့ပြီးယခုတစ်ခါမှာလည်း တွစ်တာကုမ္ပဏီကိုပါဆွဲထည့်ခဲ့ပြီး ယင်းလုပ်ငန်းကြီးတွေဟာမရိုးမဖြောင့် လုပ်ဆောင်နေတဲ့ မီဒီယာတွေဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ တွစ်တာ၊ ဖေ့ဘွတ်ခ်၊ ဂူးဂဲလ် တို့ဟာ ကလင်တန်အပေါ် FBIရဲ့စုံစမ်းစစ်ဆေးမှုတွေကို ဖုံးကွယ်ထားကြပါလား၊ တော်တော့်ကို ကလိမ်ကကျစ်ကျတဲ့မီဒီယာတွေပါလား” လို့ ဆိုပြီးထရန့်ကတွစ်တာမှာရေးခဲ့တာဖြစ်ပါတယ်။ထရန့်အနေနဲ့ ကုမ္ပဏီကြီးတွေ ဘယ်လိုမျိုး သတင်းအကြောင်းအရာတွေကိုဖုံးကွယ်နေလဲ ဒါမှမဟုတ်၎င်းရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ထင်ရှားတဲ့သက်သေအထောက်အထားတွေက ဘာတွေလဲဆိုတာကိုတော့ တိတိကျကျထုတ်ဖော်ရေးသားပြောဆိုသွားခြင်းတော့လည်း မရှိပါဘူး။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment