တိုင်းအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကို စောင့်ကြည့်စစ်ဆေးတဲ့အဖွဲ့အစည်းတစ်ခု ထားရှိဖွဲ့စည်းဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အခုလလယ်ပိုင်းက အဆိုတင်သွင်းခဲ့သော်လည်းဆောက်လုပ်ရေးလုပ်ငန်းများမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တည်ရှိနေတာကြောင့် ပြည်ထောင်စုအဆင့်တင်သွင်းဖို့ ပြင်ဆင်နေ တာလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တည်ရှိနေတာပြီး တိုင်းအစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်မှာ အကန့်အသတ်ဖြင့်ရှိနေတာကြောင့် ယင်းအဆိုကို ပြည်ထောင်စုအဆင့် အဆိုတစ်ခုအဖြစ် ထားရှိဖို့ကို တိုင်းလွှတ်တော်မှာပြန်လည်ပြောဆိုသွားတာလည်းဖြစ်ပါတယ်။
အဆိုပါစောင့်ကြည့်စစ်ဆေးတဲ့အဖွဲ့အစည်းထားရှိဖွဲ့စည်းဖို့အဆိုကို ဗိုလ်တစ်ထောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ( ၁ )မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းက တိုင်းလွှတ်တော်မှာ အခုလလယ်ပိုင်းက အဆိုတင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။
သတ်မှတ်စံချိန်စံညွှန်းတွေအတိုင်း လိုက်နာလုပ်ဆောင်ခြင်းမရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကို အနီးကပ်စောင့်ကြည်စစ်ဆေးတဲ့ သီးသန့်အဖွဲ့အစည်းတစ်ခုကို ပညာရှင်တွေ၊အစိုးရတာဝန်ရှိသူတွေနဲ့ အသင်းအဖွဲ့တွေ ပါဝင်တဲ့ Third Party အဖွဲ့အစည်းကို ဖွဲ့စည်းလုပ်ဆောင်သွားဖို့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းဖို့ တိုင်းလွှတ်တော် က အောက်တိုဘာ၂၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment