ငွေကြေးနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့် ဆောင်ရွက်ရန် ပြင်ဆင်နေပြီး အသေးစား၊ အလတ်စားလုပ်ငန်း များအား ငွေကြေးတိုးမြှင့်ထောက်ပံ့ပေးနိုင်ရန်အပါအ၀င် ဘဏ္ဍာ ရေးနှင့် စီးပွားရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နေပြည် တော်တွင် အောက်တိုဘာ ၃၁ ရက်ကပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေး၌ ပြော ကြားသည်။
ယင်း အစည်းအဝေးတွင် ပြည်တွင်း ထုတ်လုပ်မှုနှင့် ၀န် ဆောင်မှုတန်ဖိုး (ဂျီဒီပီ)သည် ခန့် မှန်းထားသည်ထက် လျော့နည်း နိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်း လည်း လျော့နည်းနိုင်ကြောင်း သမ္မတက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့်ငွေရေး ကြေးရေးနယ်ပယ် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီး အသေးစားနှင့် အ လတ်စားစက်မှုလုပ်ငန်းများ၊ စီး ပွားရေးလုပ်ငန်းများအတွက် ငွေ ကြေးထောက်ပံ့မှုများ တိုးမြှင့်ရရှိ ရန် နိုင်ငံပိုင်လုပ်ငန်းများ ပြန် လည်တည်ဆောက်ရန်၊ ပြောင်း လဲရန်တို့ကို ဆက်လက်ဆောင် ရွက်နေကြောင်း သမ္မတဦးထင် ကျော်ကပြောကြားသည်။
ကမ္ဘာ့စီးပွားရေးနှေးကွေးနေ ခြင်းကြောင့် ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရန် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်)က အကြံပြု တိုက်တွန်းကြောင်း၊ ကမ္ဘာ့စီးပွား ရေး နှေးကွေးမှု အကျိုးဆက် ကြောင့် ကုန်သွယ်ရေးနယ်ပယ် တွင်လည်း တိုးတက်မှုများ နှေး ကွေးနေကြောင်း သမ္မတကအမှာ စကားတွင် ထည့်သွင်းပြောကြား သည်။ နိုင်ငံ့စီးပွားရေးအခြေအနေ နှင့်ပတ်သက်၍ ပြည်သူအများစိုး ရိမ်နေသဖြင့် နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့်စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရဌာန ဆိုင်ရာများက တာဝန်ယူမှုတာဝန် ခံမှုအပြည့်အ၀ရရှိရန် အရေးကြီး ကြောင်းနှင့် ပြည်သူ့ဘဏ္ဍာငွေ များ သုံးစွဲရာတွင် ပြည်သူ့အကျိုး အတွက် စနစ်တကျရှိရန်လိုအပ် ကြောင်း ၎င်းကပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ယခု အစည်းအဝေးတွင် ပြောကြား သည့် ပြုပြင်ပြောင်းလဲမည့်စီးပွား ရေးကဏ္ဍ သုံးမျိုးအနက် ငွေကြေး ကဏ္ဍနှင့် အသေးစား၊ အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး ရေးကဏ္ဍ နှစ်မျိုးကို ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးကပြု ပြင်ပြောင်းလဲမှု အမြန်ဆုံးဆောင် ရွက်ရန် အကြံပြုထားသည်။ မြန် မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် တည်ငြိမ်သော ငွေလဲနှုန်းကို ဖန်တီးပေးရန်၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာနိုင်မည့် အခြေအနေ ကို ဖန်တီးပေးရန်နှင့် အသေးစား၊ အလတ်စားလုပ်ငန်းများအား ပိုမို ထောက်ပံ့မှုများ အမြန်ဆောင် ရွက်ပေးရန် လုပ်ရှင် ၁၀ ဦးက အ ကြံပြုခဲ့သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးမှု (ဂျီဒီပီ)နှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်း ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းကို ၇ ဒသမ ၃၀ ဟု ခန့်မှန်းပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းဟု သတ်မှတ်ထားသည်။
နှစ်အဆက်ဆက် ဘတ်ဂျက် လိုငွေပြမှုအပါအ၀င် ကုန်ထုတ် လုပ်မှု၊ စားသုံးမှု၊ ၀ယ်လိုအား၊ ရောင်းလိုအား အခြေအနေများ အရ ငွေကြေးဖောင်းပွမှုမြင့်မား နေသည်ဟု သမ္မတကပြောကြား သည်။
မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုကို ဗဟိုဘဏ်က ၁၁ ဒသမ ၆၄ ရာခိုင်နှုန်းဟုသတ်မှတ် ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) က မြန် မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ၉ ရာခိုင်နှုန်း၊ ကမ္ဘာ့ဘဏ်ကသတ် မှတ်မှုတွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ဟု ပြည်တွင်း၊ ပြည်ပ အဖွဲ့အ စည်းများက ဖော်ပြသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment