Wednesday, November 30, 2016

ဖက်စပ်လုပ်ကိုင်သော နိုင်ငံခြားကုမ္ပဏီများ အတွက် ကန့်သတ်ချက်တစ်ခုပယ်ဖျက်

ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြား ကုမ္ပဏီများကို တရားဝင် ယူ ဆောင်လာသည့် ငွေကြေးအတိုင်း သာ ကုန်သွယ်ခွင့်ပြုသည့် သတ် မှတ်ချက်ကို ပယ်ဖျက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။


ထိုသို့ ပယ်ဖျက်ရခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရေးနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာ ထားသည်။

ယခင်အစိုးရလက်ထက်က အဆိုပါသတ်မှတ်ချက်ကို သတ် မှတ်ပြီး ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံး ကိရိ ယာများကို နိုင်ငံခြားသားဖက်စပ် ကုမ္ပဏီများအား ပထမဆုံး ကုန်သွယ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ဒုတိယအကြိမ် ဖက်စပ်ကုမ္ပဏီများ ကုန်သွယ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားသား ဖက်စပ်ကုမ္ပ ဏီများသည် ပြည်တွင်း၌ ကုန် သွယ်မှု လုပ်ရာတွင် သတ်မှတ် ပမာဏကို တင်ပြရကြောင်း၊ ယခု ယင်းစနစ် ပယ်ဖျက်ခြင်း ဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အရင်တုန်းက ဒေါ်လာငါး သန်းယူလာရင် ဒီပမာဏပဲ ကုန် သွယ်ပါ။ အခုက လုပ်ချင်သ လောက်လုပ်၊ လုပ်နိုင်သလောက် လုပ်ချင်တဲ့ သဘောပါ’’ဟု အဆို ပါဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်တစ်ဦးက ပြောသည်။

ထိုစနစ် ပြောင်းလဲရခြင်း သည် နိုင်ငံခြား ဖက်စပ်ကုမ္ပဏီ များတွင် ယခင်က ရင်းနှီးမြှုပ်နှံမှု ပမာဏကို အနည်းငယ်ပြပြီး ကုန်သွယ်မှုများပြုလုပ်နေသည့် အကြံအဖန်လိမ်ညာမှုများ လျှော့ချရန် ဖြစ်သည်ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

‘‘ယူချင်သလောက် ယူလာ ကုန်သွယ်ခွင့်ပြုတဲ့ သဘောပါ။ ကုန်သွယ်မှု ပိုကောင်းလာနိုင်ပေ မယ့် မြန်မာ့လုပ်ငန်းရှင်တွေ အ တွက် အကျပ်ရိုက်စေမယ့် သ ဘောပါ’’ ဟု စီးပွားရေးလုပ်ငန်း ရှင် ဦးမြတ်သင်းအောင်
က ပြောသည်။ ယခင်က နိုင်ငံခြားသားများ ကို ကုန်ထုတ်လုပ်ငန်းများတွင် သာ ခွင့်ပြုသော်လည်း ၂၀၁၅ နောက်ပိုင်းတွင် ကုန်သွယ်မှုလုပ် ငန်းများ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခွင့်ပြုခြင်းကြောင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီများသည့် ဈေးကွက် အသာရှိသဖြင့် မြန်မာလုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘အခုလည်း ပစ္စည်းမှာတယ် ဆိုပြီး ငွေပြန်ပို့နေကြတာပဲ။ ဒါကိုအစိုးရက သိတယ်ဆိုတဲ့သဘောနဲ့ ထိန်းချုပ်တာပါ’’ဟု ဆေးဝါးတင် သွင်းရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment