Tuesday, November 1, 2016

နိုင်ငံကူးလက်မှတ် ကိုးမျိုး ထုတ်ပေးမည်

မြန်မာနိုင်ငံသားများအ တွက် အရောင်မတူသော နိုင်ငံကူးလက်မှတ်အမျိုအစား ကိုးမျိုး ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့က ကြေညာကြောင်း ဂလို ဘယ်နယူးလိုက်အော့ဖ် မြန်မာ သတင်းစာက အောက်တိုဘာ ၃၀ ရက်တွင် ဖော်ပြသည်။

ယင်းကိုးမျိုးမှာ PB- Busin-ess Passport (စီးပွားရေးပတ်စ် ပို့)၊ PT-Dependent Passport (မှီခိုပတ်စ်ပို့)၊ PJ-Job Passport(အလုပ်အကိုင်ပတ်စ်ပို့)၊ PR- Religious Passport (ဘာသာ ရေးပတ်စ်ပို့)၊ PS-Seaman Passport (သင်္ဘောသားပတ်စ် ပို့)၊ PE-Student Passport (ကျောင်းသားပတ်စ်ပို့)၊ PV- Visit Passport (အလည်အပတ် ပတ်စ်ပို့)၊ PD-Diplomatic Passport (သံတမန်ပတ်စ်ပို့)နှင့် PO-Official Passport (အထူး ပတ်စ်ပို့)တို့ဖြစ်သည်။
နိုင်ငံကူး လက်မှတ်ကို နိုင်ငံသားများအ တွက် အနီရောင်၊ သံတမန်များ အတွက် အပြာရောင်နှင့် အစိုးရ အရာရှိများအတွက် အစိမ်းရောင် ဟူ​၍ ခွဲခြားသတ်မှတ်မည်ဖြစ် သည်။
မြန်မာနိုင်ငံသားများအနေ ဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ် ရာတွင် ကြာမြင့်ချိန် ၁၀ ရက်ရှိ ပြီး ငွေကျပ် ၂၅,၀၀၀ ကျသင့် မည်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment