‘‘ADB အနေနဲ့ မြန်မာနိုင်ငံ မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုး တက်မှုတွေ အကောင်အထည် ဖော်လျက်ရှိပြီး အခုမွန်ပြည်နယ် အတွင်း ဆောင်ရွက်မယ့် စီမံကိန်း ဟာ ဒေသခံထုတ်လုပ်သူတွေ ဝင် ငွေတိုးတက်စေပြီး ဆင်းရဲနွမ်းပါး သူတွေ အလုပ်အကိုင်အခွင့်အ လမ်းရရှိစေရန်နဲ့ ဒေသတွင်း ခရီး သွားလုပ်ငန်းကို တစ်ဖက်တစ် လမ်းမှာ အထောက်အကူပြုစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဒုညွှန်မှူး ဦးဟောက်ကျင်မုန်က ပြောသည်။
မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထို နှင့် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ များတွင် အရည်အသွေးမြင့်မား သော ဒေသထွက် လက်မှုပစ္စည်း များ၊ ပြုပြင်ထားသော အစားအ သောက်များ ထုတ်လုပ်ရောင်းချ ခြင်းမှ ဒေသခံများ ဝင်ငွေတိုးတက် စေရန်နှင့် ခရီးသွားလုပ်ငန်းအား အထောက်အကူပြုစေရန် ဆောင် ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ တာဝန်ရှိသူများသည်၂၀၁၄ နိုဝင်ဘာက မွန်ပြည်နယ်ရှိ သက်ဆိုင်ရာမြို့နယ်များသို့ ကွင်း ဆင်းလေ့လာခဲ့ပြီး စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်ရေးကူညီရန် ၂၀၁၆ မေလ၌ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
စီမံကိန်းကာလကို သုံးနှစ် သတ်မှတ်ထားပြီး လက်ရှိတွင် စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ရန် အုပ်ချုပ်မှုပိုင်းဆိုင် ရာ ကိစ္စများကို စတင်ဆောင်ရွက် နေကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment