Friday, October 21, 2016

မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီလေးခု လေလံအောင်၊ လေလံကြေး ဒေါ်လာသန်း ၂၄၀ ကျော်ရရှိ


ပြည်တွင်း၌ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးရန် လှိုင်းနှုန်းစဉ် 2600MHz ကို လေ လံတင်ရောင်းချရာတွင် ၀င်ရောက်ယှဉ်ပြိုင်သော ကုမ္ပဏီကိုးခုအ နက်လေးခုအောင်မြင်ခဲ့ပြီး နိုင်ငံ တော်အတွက် လေလံကြေးစုစု ပေါင်း အမေရိကန်ဒေါ်လာ ၂၄၄ သန်းကျော် (ကျပ်ငွေ ၃၁၄ဘီလီ ယံခန့်) ရရှိခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါလေလံတင်ရောင်း ချပွဲတွင် Fortune International Ltd, Global Technology Co., Ltd.၊ Amara Communications Co., Ltd. နှင့် Yatanarpon Teleport Public Co., Ltd. တို့က အောင်မြင်ခဲ့ပြီး လေလံတင်ပွဲမှ ရရှိသော စုစုပေါင်းအမေရိကန် ဒေါ်လာ ၂၄၄ ဒသမ ၁၆ သန်းကို နိုင်ငံတော်ဘတ်ဂျက်အဖြစ် ပေး သွင်းမည်ဖြစ်ကြောင်း ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ကပြောကြားသည်။

‘‘လေလံအောင်တဲ့ကုမ္ပဏီ တွေက ဘယ်အချိန်မှာ လုပ်ငန်း စမလဲဆိုတာ ဆွေးနွေးဖို့လိုသေး တယ်။ ရရှိတဲ့လေလံကြေးတွေကို တော့ နိုင်ငံတော်ကို ပေးသွင်းသွား မှာပါ။ အင်တာနက်ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ရည် ရွယ်တာပေါ့။ ကုမ္ပဏီတွေ အ တွက် ဘယ်လိုနည်းပညာသုံးရမ လဲဆိုတာ သတ်မှတ်မထားပါဘူး’’ ဟု ဦးမျိုးဆွေကရှင်းပြသည်။

အင်တာနက်မြန်နှုန်းမြင့် သော လှိုင်းနှုန်းစဉ် 2600 MHz ကို ၀န်ဆောင်မှုပေးရန် နယ်မြေ သုံးခုခွဲကာ နယ်မြေ(၁) အတွက် Fortune International Ltd နှင့် Global Technology Co.,Ltd တို့ ကလည်းကောင်း၊ နယ်မြေ(၂) အတွက် Amara Communica- tions Co.,Ltd နှင့် Yantanarpon Teleport Public Co;Ltd တို့က လည်းကောင်း၊ နယ်မြေ(၃) အ တွက် Yatanarpon Teleport Public Co.,Ltd နှင့် Amara Communication Co.,Ltd တို့က လည်းကောင်း စသည်ဖြင့် အသီး သီးလေလံအောင်မြင်ခဲ့ခြင်းဖြစ် ပြီး ယင်းကုမ္ပဏီများသည် ၁၅ နှစ် ကြာ အသုံးပြုခွင့်ရရှိမည် ဖြစ် သည်။

နယ်မြေ(၁) တွင် နေပြည် တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ နယ်မြေ (၂) တွင် ရန် ကုန်၊ ဧရာဝတီ၊ ရခိုင်၊ နယ်မြေ (၃) တွင် မန္တလေး၊ စစ်ကိုင်း၊ချင်း၊ ရှမ်း၊ ကချင်၊ ကယား စသည်ဖြင့် မူလက သတ်မှတ်ခဲ့သော်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ လေလံအောင်မြင်သည့် စာရင်းကို ထုတ်ပြန်ရာတွင် နယ် မြေ (၁) ၌ ကရင်ပြည်နယ်ကျန်ရစ် ခဲ့ခြင်းမှာ ထူးခြားချက်တစ်ခုဖြစ် သည်။ ကျန်နယ်မြေများအတွက် ပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အရေအတွက်မှာ ပြောင်းလဲခြင်းမရှိပေ။

ထို့အပြင် နယ်မြေ(၁) Lot 1.1 အတွက် Fortune Inter- national Ltd က ကန်ဒေါ်လာ ၆ ဒသမ ၀၉ သန်း၊ Lot 1.2 အတွက် Global Technology Co.,Ltd က ကန်ဒေါ်လာ ၇ ဒသမ ၀၃ သန်းကို လည်းကောင်း၊ နယ်မြေ (၂) Lot 2.1 အတွက် Amara Commu- nications Co.,Ltd က ကန်ဒေါ်လာ ၉၅ ဒသမ ၈၁ သန်း၊ Lot 2.2 အတွက် Yatanarpon Teloport Public Co.,Ltd က ကန်ဒေါ်လာ ၈၃ ဒသမ ၄၄ သန်းကိုလည်း ကောင်း၊ နယ်မြေ (၃) Lot3.1 အတွက် Yatanarpon Teleport Public Co.,Ltd က ကန်ဒေါ်လာ ၂၇ ဒသမ ၂၄ သန်း၊ Lot 3.2 အတွက် Amara Communicat- ion Co.,Ltd က ကန်ဒေါ်လာ ၂၄ ဒသမ ၅၅ သန်းဖြင့်လည်းကောင်း လေလံအောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

လေလံပွဲတွင် ကြမ်းခင်းဈေး စတင်သတ်မှတ်စဉ်ကတည်းက ဈေးနှုန်းမြင့်မားနေပြီး လေလံတွင် အထက်ပါ လေလံဈေးများဖြင့် ၀င်ရောက် ယှဉ်ပြိုင်မှုများသည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပြန်ကြေညာသကဲ့သို့ သုံးစွဲသူများ ဈေးနှုန်းသက်သာစွာ အင်တာနက် ၀န်ဆောင်မှုရရှိရန် နှင့် ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန် နိုင်မည်မဟုတ်ကြောင်း ယင်း လေလံပွဲစောင့်ကြည့်လေ့လာသူ အချို့ကပြောသည်။

‘‘ဒီဈေးနှုန်းတွေက သင့် တော်တဲ့ နှုန်းတွေတော့ မဟုတ် ဘူး။ ဈေးအရမ်းကြီးနေတယ်။ ဒီ လေလံပွဲကို ၀င်ယှဉ်ပြိုင်တဲ့ ကုမ္ပ ဏီတွေကလည်း စီးပွားရေးလုပ် ချင်လို့၊ သူတို့က ဈေးကြီးကြီးပေး ထားရရင် သူတို့အရင်းကျေဖို့၊ အ မြတ်ရဖို့ဈေးကြီးကြီးနဲ့ ရောင်းမှာ။ ဒါဆိုရင် သုံးစွဲသူတွေအတွက် သက်သာတဲ့နှုန်းထားဖြစ်မှာ မ ဟုတ်ဘူး’’ ဟု အင်တာနက်ဝန် ဆောင်မှုပေးနေသည့် ကုမ္ပဏီ တစ်ခုမှ အမည်မဖော်လိုသူ အ ကြီးတန်း အရာရှိတစ်ဦးကပြော ကြားသည်။

အထက်ပါလေလံပွဲကို နေ ပြည်တော်၌ အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ပြီး လေလံကြမ်းခင်းဈေး စတင်ဖွင့် လှစ်ချိန်တွင် နယ်မြေ(၁) အတွက် အမေရိကန်ဒေါ်လာ သုံးသန်း၊ နယ်မြေ(၂) အတွက် အမေရိကန် ဒေါ်လာခုနစ်သန်း၊ နယ်မြေ(၃) အတွက် အမေရိကန်ဒေါ်လာ ငါး သန်း စသည်ဖြင့် သတ်မှတ် ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment