Tuesday, October 4, 2016

ရိဒ်ရေကန်သို့ လာရောက်သူများ မှတ်တမ်းဓာတ်ပုံရယူရန် ရှုခင်းသာအသစ် ပြုလုပ်ပေးထား


ချင်း ပြည်နယ် ဖလမ်းခရိုင် ရိခေါဒါရ် မြို့ရှိ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ် ရေကန်အား မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနိုင်ရန်နှင့် ရေကန်ကို မူလ ပုံစံအလှအတိုင်းမြင်တွေ့နိုင်သည့်ရိဒ်ရေကန်ရှုခင်းသာသစ်ကို ပြုလုပ် နေရာ အောက်တိုဘာလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ရိဒ်ရေကန်သည် တောင်ကုန်း ရှိ ကျယ်ဝန်းလှပသည့် ကန်တစ်ခု ဖြစ်ပြီး ကန်၏ရေချိုးဆိပ်၌ ရေကန် ၏ သဘာဝပုံစံမပေါ်နိုင်ဘဲ မြို့တွင်း ရှိ ကုန်းပေါ်တစ်နေရာမှ လှမ်းကြည့် ပါကသဘာဝအလှဖြစ်သည့် အသည်း နှလုံးပုံသဏ္ဌာန်ဖြင့် ထင်ထင်ရှား ရှားမြင်တွေ့ရသည့်အတွက်ကြောင့် မြို့တွင်းရှိ ရေကန်ရှုခင်းမြေနေရာ အား အများပြည်သူများစိတ်ကျေ နပ်မှုရရှိစေရေးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရာတွင် အဆင်ပြေ စေရန်တို့အတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များပူးပေါင်း၍ ရှုခင်းမြေနေရာ အသစ်အား အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည်။ အဆိုပါရိဒ်ရေကန်ရှုခင်းသာ ပြုလုပ်ခြင်းကို ရိ-ဘွန်နဲလ်ကုမ္ပဏီ မှ ဒေသကောင်းကျိုးကိုထောက်ရှု၍ စေတနာထက်သန်စွာငွေကျပ် ၁၅ သိန်းအကုန်အကျခံကာ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင်တောင် စောင်းကုန်းအား အမြင့်လေးပေခန့်၊ အရှည်ပေ ၄၀ နှင့် အကျယ်ပေ ၂၀ ခန့်ဖြင့် မြေပြုပြင်ခြင်း၊ ကျောက်စီ ခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ စတီးလ် သံပန်းအကာပြုလုပ်ခြင်းနှင့်ယာဉ် များဝင်ထွက်သွားလာနိုင်စေရန် လမ်းဖောက်ခြင်းများဆောင်ရွက် လျက်ရှိသည်။ ရိဒ်ရေကန်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၂၉၆၆ ပေရှိ တောင်ကုန်းပေါ်တွင်တည်ရှိပြီး ကန်ရေ၏ပတ်လည်သည် ၂ ဒသမ ၅ မိုင်ခန့်ရှိကာ ကန်ရေအနက်သည် ပေ ၅၀ မှ ပေ ၆၀ ခန့်ရှိသည်။ ရိဒ် ရေကန်၏ထူးခြားချက်အနေဖြင့် ကန် ပတ်ပတ်လည်တစ်လျှောက်တွင် ၀ိညာဉ်ခြံစည်းရိုးပင်နှင့် မိုးမခပင်များ ဖြင့် ၀န်းရံထားပြီး ရေချိုးဆိပ်နေရာ ပေ ၂၀၀ ခန့်တွင် မည်သည့်အပင်မျှ ပေါက်ရောက်ခြင်းမရှိဘဲ သဘာဝ အတိုင်းရေချိုးဆိပ်တစ်နေရာတည်း သာရှိခြင်း၊ နှစ်စဉ်ဒီဇင်ဘာလနှောင်း ပိုင်းတွင် ကန်ရေမှာ တစ်ပတ်၊ နှစ် ပတ်ခန့် နောက်ကျိလာခြင်း၊ ကန် ရေအတွင်းသို့ မည်သည့်စမ်းချောင်း ရေမျှစီးဝင်ခြင်းမရှိဘဲ သဘာဝအတိုင်း ကန်ရေပြည့်နေခြင်း၊ ကန်အတွင်း ငါးမျိုးစိတ် ခြောက်မျိုးခန့်ကျက်စား နေထိုင်ခြင်းတို့ကြောင့် ထူးခြားသည့် ကန်တစ်ကန်ဖြစ်သည်။ Credit To >>> Democracy Today

0 comments:

Post a Comment