ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က ဗီယက်နမ်နိုင်ငံမှာ သံသယဖြစ်ဖွယ် ညစ်ညမ်းရေများကြောင့် ငါး အများအပြား သေဆုံးခဲ့ပြီးနောက် အာဏာပိုင်တွေက မြို့တော်ရှိ ကြီးမားတဲ့ ရေချိုအိုင်အတွင်းက သေဆုံးနေတဲ့ ငါးတွေကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရပါတယ်။
ဟနွိုင်း သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက အနောက်ဘက်ရေအိုင်ရဲ့ ကမ်းတလျှောက် သေဆုံးနေတဲ့ ကီလိုဂရမ် ရာပေါင်းများစွာရှိတဲ့ ငါးသေတွေကို မနေ့ညက ဖယ်ရှားဖို့ လုပ်ဆောင်နေခဲ့ပါတယ်။
၎င်းအနီးအနားမှာ အနှစ် (၄၀) ကြာ နေထိုင်နေတဲ့ သက်ကြီးတစ်ဦးက အခုလောက် ငါး အမြောက်အများ သေဆုံးနေတာကို ပထမအကြိမ်အဖြစ် တွေ့မြင်ခဲ့တာလို့ ဆိုပါတယ်။
ချက်ချင်း စမ်းသပ်မှုတွေရဲ့ ဖော်ပြချက်က ရေအိုင်ထဲရှိ ရေထဲတွင် အောက်စီဂျင် ပါဝင်မှု မလုံမလောက်ဖြစ်တာကြောင့် အခုလို ငါးများကို သေဆုံးစေတာဖြစ်တယ်လို့ အာဏာပိုင်များက ဒေသခံမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
Ha Tinh ပြည်နယ်ရှိ ထိုင်ဝမ်ပိုင် Formosa စက်ရုံဟာ ဇွန်လက အဆိပ်အတောက် စွန့်ပစ်ပစ္စည်းများကို ဗီယက်နမ်ရဲ့ အလယ်ပိုင်း ကမ်းရိုးတန်း ကီလိုမီတာ (၂၀၀) တလျှောက် ယိုဖိတ်ပြီး ရေနေသတ္တဝါများ သေဆုံးကာ အမြောက်အမြား ကမ်းတင်ခြင်းကြောင့် မကြာသေးမီက ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများက အဆိုပါစက်ရုံကို ဆန္ဒပြခဲ့ပြီး တရားစွဲခဲ့ပါတယ်။
မတော်တဆ ပျက်စီးမှုများအတွက် ထိုင်ဝမ် Formosa သံမဏိစက်ရုံအား နစ်နာကြေးအဖြစ် ဒဏ်ငွေ သန်း ၅၀၀ ပေးဆောင်ဖို့ ဒဏ်ရိုက်ခဲ့ပါတယ်။ ထိုဂေဟစနစ် ပျက်စီးမှုကြောင့် ငါးဖမ်းသမား (၄၁,၀၀၀) အပါအဝင် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူပေါင်း (၂၀၀,၀၀၀) ကျော်ကို ထိခိုက်စေခဲ့တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။
Credit To >>> The Voice Weekly
0 comments:
Post a Comment