Friday, September 23, 2016

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင်အချို့အား ထိရောက်စွာအရေးယူပေးရန်အရေးကြီးအဆိုလွှတ်တော်တင်ပြီ အမှုကျူးလွန်သူတွေကိုဖော်ထုတ်ရမယ့်အဖွဲ့အစည်းက ကျူးလွန်သူတွေကို အမှုပိတ်သိမ်းအောင်၊သက်သာခွင့်ရအောင် ဆောင် ရွက်ပေးနေသကဲ့သို့ရှိနေဟု လွှတ်တော်ကိုယ်စားလှယ်ဆို


လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကာ ကွယ်စောင့်ရှောက်မှုမပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ ၀င်အချို့အားထိရောက်စွာအရေးယူပေး
ရန်ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်သို့တင်သွင်း လိုက်သည်။စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပ သည့်ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အ စည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုက အဆိုပါ အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်အတွင်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိသဘော တူညီခဲ့ခြင်းကြောင့် အဆိုပါအရေးကြီးအဆို ကို လွှတ်တော်အတွင်းလက်ခံဆွေးနွေးရန်ဆုံးဖြတ်ခဲ့သည်။
အရေးကြီးအဆိုအပြည့်အစုံမှာဖွဲ့စည်း ပုံ အခြေခံဥပဒေပါနိုင်ငံသားများ၏ မူလ အခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ် စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက် ခံရမှုကိုအကာအကွယ်မပေးသည့်
မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အားထိရောက်စွာအရေးယူ
ပေးပါရန် ပြည်ထောင်စုအစိုးရအားတိုက် တွန်းကြောင်း အဆိုဖြစ်သည်။ရန်ကုန်မြို့ရှိအင်းဝအပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့်အမျိုးသမီးငယ် လေးနှစ်ဦးညှဉ်းပန်းနှိပ်စက်ခံရသည့်ဖြစ်စဉ် နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့၏ ဆောင် ရွက်ချက်များအပေါ်မူတည်ပြီး ယင်းအဆို ကိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချိုက""လတ် တလော လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိပါလိမ့်မယ်။ နိုင်ငံသတင်းမီဒီယာလောက မှာ ၀ုန်းဝုန်းထနေတဲ့ ညှဉ်းပန်းနှိပ်စက်ချိုး ဖောက်မှုကြီးတစ်ရပ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ ကြောင့် ဒီကနေ့အရေးကြီးအဆိုကို တင်သွင်း ရခြင်းဖြစ်ပါတယ်။ ဒီညှဉ်းပန်းနှိပ်စက်ချိုး ဖောက်ခံရဟာ မိန်းမသားတွေဖြစ်နေသလို၊ ကလေးသူငယ်တွေဖြစ်နေပါတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာမှာ ဒဏ်ရာဒဏ်ချက်တွေရရှိတာ တွေ၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုခံရမှု၊လုပ်ခ ခေါင်းပုံဖြတ်ခံရမှုတွေနဲ့ပြည်သူလူထုနား ထဲကိုဝင်မဆံ့အောင်၊ မကြားချင်အောင်ကြား နေရပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သတင်းမီဒီယာလောကက တာဝန်ရှိတဲ့ညီအစ် ကိုတွေက ဒီအချက်အလက်ကို ဖော်ထုတ်နိုင် အောင်ကြိုးပမ်းခဲ့ကြပါတယ်။ ရရှိတဲ့အချက် အလက်ကို သက်ဆိုင်ရာ ရဲဌာနနဲ့မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုပေးပို့ခဲ့တာရှိပါတယ်။ ရက်အတန်ကြာစောင့်ခဲ့ ရပါတယ်""ဟုပြောသည်။
ထို့နောက်စက်တင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌သက်ဆိုင်သူများကိုခေါ်ဆိုကာ ကော် မရှင်၊ ကျောက်တံတားမြို့နယ်ဦးစီးဌာနမှပုဂ္ဂိုလ် များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်တံ တားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း၊ Myanmar Now သတင်းထောက်ချုပ်ကိုဆွေဝင်းတို့တွေ့ ဆုံခဲ့ကြောင်းသိရသည်။""အဲဒီဆွေးနွေးညှိနှိုင်းပွဲရဲ့ ထူးခြားချက် အနေနဲ့ ခေါင်းစဉ်ကဘာလဲဆိုတော့ အင်းဝ အပ်ချုပ်ဆိုင်က အိမ်ဖော်အမျိုးသမီးငယ်နှစ် ဦးအား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍တွေ့ ဆုံဆွေးနွေးရန် မှတ်တမ်းဆိုပြီးတော့တွေ့ရပါ တယ်။ အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ် စက်မှုမှန်းသိရက်သားနဲ့ ဥပဒေကြောင်းအရ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ဘာ ကြောင့် မကြိုးစားခဲ့ရတာပါလဲ""ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ)ဦးပြုံးချို ကပြောသည်။ယင်းတွေ့ဆုံပွဲတွင်မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဦးဇော်ဝင်း၊ ဒေါက် တာဥာဏ်ဇော်၊ ဒေါ်မြမြတို့ပါဝင်ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း ဦးဌေးဝင်းအောင်(ခ)ဦးပြုံး ချိုကဆိုသည်။""နိုင်ငံတွင်ကျွန်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက် ခြင်း၊ ကိုယ်အင်္ဂါပျက်ယွင်းအောင်ညှဉ်းပန်း နှိပ်စက်ခြင်းနဲ့ ၀င်ငွေလုပ်ခတွေခေါင်းပုံဖြတ် ထားခြင်း၊
ကလေးသူငယ်ရှုထောင့်ကပဲပြန် ကြည့်ကြည့်၊ အလုပ်သမားဥပဒေအရပဲပြန် ကြည့်ကြည့်အချို့ကိစ္စတွေဟာဘယ်လိုမှ
ကျေအေးလို့မရတဲ့ကိစ္စတွေဆိုတာ ကိုယ်စား လှယ်တော်ကြီးများသိမှာပါ။ အဲဒီကျေအေး လို့မရနိုင်တဲ့ ပုဒ်မတွေမှန်းသိရက်သားနဲ့ ပြီးတော့ ကော်မရှင်မှာပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး များဟာ ယခင်ဌာနအသီးသီးမှာ တာဝန်ထမ်း ဆောင်ခဲ့စဉ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဆင့်မြင့် အရာရှိ၊ အကျဉ်းဦးစီးဌာနရဲ့အဆင့်မြင့်အရာ ရှိအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့စဉ်မှာ ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေဟာအခုလိုမျိုးကျေအေး မရဘူးဆိုတာမသိခဲ့ဘူးလား""ဟုပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ကပြောသည်။ယင်းအချက်အလက်များသည် ကော် မရှင်၌ကြိုးစားပမ်းစားဆောင်ရွက်နေကြသူများ ရှိသကဲ့သို့ အချို့သည်တည်ဆဲဥပဒေများကိုချိုးဖောက်သူများရှိနေသည်မှာ ပေါ်လွင်နေ ကြောင်း၎င်းင်းကဆိုသည်။ကော်မရှင်အဖွဲ့ဝင်အချို့၏ ဆောင်ရွက် ချက်နှင့်ပတ်သက်ပြီး ဦးဌေးဝင်းအောင်(ခ)ဦး ပြုံးချိုက""တည်ဆဲဥပဒေချိုးဖောက်ခြင်းတွေ ကို ပါဝင်ပတ်သက်နေတဲ့အင်္ဂါပျက်ယွင်းသွား သည်အထိဖြစ်လောက်တဲ့ အမျိုးသမီးငယ်တွေ ကို လျော်ကြေးငွေနဲ့ကျေအေးလိုက်ရတဲ့အဖြစ် အပျက်၊ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကိုချိုးဖောက် ပြီးတော့ အချိန်တိုတိုအတွင်းမှာကိုယ့်သဘော နဲ့ကိုယ်ဆောင်ရွက်ခဲ့တဲ့ကိစ္စ၊ ပြီးတော့သတင်း ထောက်ကိုဆွေဝင်းကပြောပါတယ်။ ရဲတပ်ဖွဲ့ က အဲဒီ့တွေ့ဆုံဆွေးနွေးပွဲမှာ ဒါဟာကျွန်ပြု ခြင်းဖြစ်ပါတယ်။ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ပါ တယ်။ ကိုယ်အင်္ဂါချို့ယွင်းစေခြင်းဖြစ်ပါတယ်။ ဒါဟာပြစ်မှုမြောက်ပါတယ်လို့ပြောတဲ့စကား ကိုမျက်ကွယ်ပြုခဲ့ပါတယ်""ဟု ပြောကြားကာ ထိရောက်စွာအရေးယူပေးရန် လွှတ်တော်သို့ ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) တွင် နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့်လူ ကုန်ကူးမှုများကို တားမြစ်ကြောင်း၊ နိုင်ငံတော် သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ခံရကာအ လုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်း၊ အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မခိုင်းစေခြင်းကို တားမြစ်သည်ဟုပြဋ္ဌာန်း ထားကာမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေတွင်လည်း ဖွဲ့စည်းပုံပါနိုင်ငံ သားများ၏ မူလအခွင့်အရေးကိုပိုမိုကာကွယ် စောင့်ရှောက်ရန်ပါရှိသည်။""အခုလောလောဆယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များကိုကြည့်မယ်ဆိုရင် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေနဲ့ အခုကျူးလွန်ခံရတဲ့ အမျိုးသမီး ကလေးငယ်လေးနှစ်ယောက်ဟာ ပုဒ်မ-၃၂၅ တုံးသော လက်နက်နဲ့အပြင်းအထန်နာကျင် စေမှု၊ ပုဒ်မ-၃၂၆ အပြင်းအထန်နာကျင်စေမှု၊ ဒါတွေဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အထိပြစ်ဒဏ်ထိုက်ပါတယ်။ နောက်ပုဒ်မ ၃၆၇ ထိုသူကို အပြင်းအထန်နာကျင်စေခြင်း၊ ဒါမှမဟုတ် ကျွန်ပြုခြင်းကိုပြုရင်
၁၀ နှစ်အထိ ထောင်ဒဏ်ထိုက်ပါတယ်။ ပုဒ်မ ၃၆၈ မှာ လည်းခိုးယူခြင်း၊ မတရားသဖြင့်ဝှက်ပေးခြင်း၊ ချုပ်နှောင်ထားရန်ဖြင့် ၀ှက်သိမ်းခြင်း၊ ထိုသို့ ၀ှက်သိမ်းရန်၊ ချုပ်နှောင်ရန်အလို့ငှာ ခိုးယူပြီး သကဲ့သို့ဟာ ထောင်ဒဏ် ၁၀ နှစ်အထိထိုက် ပါတယ်။ ဒီပြစ်မှုများဟာ ရဲအရေးပိုင်တဲ့ပြစ်မှု များဖြစ်ပါတယ်ရှင့်။ ရဲအရေးပိုင်တဲ့ပြစ်မှုများ ဟာ မည်သူမျှကျေအေးခွင့်မရှိပါဘူးရှင်။တရားရုံးက ကျေအေးပိုင်ခွင့်ရှိသော်လည်း မည်သူမျှကျေအေးပိုင်ခွင့်မရှိတဲ့ပြစ်မှုဖြစ်ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တရားရုံးရဲ့တရားစီရင်ရေးအာဏာကိုကျော်လွန်ပြီး မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကလုပ်ဆောင်နေတယ်လို့ ကျွန်မတို့စွပ်စွဲရပါ လိမ့်မယ်""ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက အရေးကြီးအဆိုကိုထောက်ခံ ပြောကြားသည်။ကော်မရှင်ဥပဒေအရ လုပ်ပိုင်ခွင့်ပြဋ္ဌာန်း ချက်တွင် လူ့အခွင့်အရေးဖောက်ဖျက်ကြောင်း တိုင်တန်းချက်၊ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး
စုံစမ်းစစ်ဆေးရမည်ဟုပါရှိကာ၊ ဖြေရှင်းဆောင် ရွက်ရာတွင် တိုင်တန်းချက်ပါအကြောင်းအရာ သည်ညှိနှိုင်း၍ အလားအလာရှိသည်ဟု ယူဆ ပါက ညှိနှိုင်းဖြေရှင်းသောနည်းလမ်းကို အ သုံးပြုပြီး ဖြေရှင်းဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် အညီသာဖြစ်ရမည်ဟုပါရှိကြောင်းသိရသည်။
""ညှိနှိုင်း၍ရသော အလားအလာရှိသော လို့ပါသလို တည်ဆဲဥပဒေများနဲ့အညီပဲဖြစ်ရ ပါမယ်။ အခုဖြေရှင်းပေးမှုဟာ တည်ဆဲဥပဒေများကိုကျော်လွန်ဖောက်ဖျက်ခြင်းဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့အမှုနဲ့ကျူးလွန်သူ တွေကို ဖော်ထုတ်ဆောင်ရွက်ရမယ့်အဖွဲ့အစည်းက ကျူးလွန်သူတွေကို အမှုပိတ်သိမ်း အောင်၊ ကျူးလွန်သူတွေကို သက်သာခွင့်ရ အောင်ဆောင်ရွက်ပေးနေသကဲ့သို့ရှိနေပါ တယ်""ဟု ဒေါ်သန္တာကထပ်လောင်းပြော သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေအခန်း(၄)ကော်မရှင်အဖွဲ့ ၀င်၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးများအတွက် ဖြည့်စွက်ခန့်ထားခြင်းအခန်းတွင်
နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ကော်မရှင်ဥပဒေ များပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက် ပါက တာဝန်မှရပ်စဲနိုင်ကြောင်းပါရှိပြီးယင်းသို့ ဆောင်ရွက်ရန် ဒေါ်သန္တာကထပ်လောင်းပြော ကြားကာအရေးကြီးအဆိုကိုထောက်ခံသည်။
အဆိုပါအရေးကြီးအဆိုနှင့်ပတ်သက် ပြီး လွှတ်တော်တွင်လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ဆန္ဒကိုရယူရာ ကန့်ကွက်သူမရှိသဖြင့်လွှတ်တော်
တွင်ဆွေးနွေးရန်ဆုံး ဖြတ်ခဲ့ပြီး အဆိုကိုဆွေးနွေးလိုသည့်ကိုယ်စား လှယ်များအနေဖြင့် စက်တင်ဘာလ၂၃ ရက် နေ့နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်း ရန်လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့သည်။
အရေးကြီးအဆိုနှင့်မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်
၏ဆောင်ရွက် ချက်များအပေါ်အမြင်
++++++++++++++++++++++++++++++++++++++++++++++++
ဦးစစ်မြိုင် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)
++++++++++++++++++++++++++++++++++++++
အရေးအကြီးအဆိုနဲ့ပတ်သက်ပြီး ပြန် လည်ရှင်းလင်းဖို့ လွှတ်တော်ကနေ ကျွန်တော် တို့ဆီက ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၀င်တစ်ဦးတက်ရောက်ဖို့ အကြောင်းကြား ထားပါတယ်။ ဘယ်သူသွားမယ်ဆိုတာတော့ မရွေးရသေးပါဘူး။ ကျန်တာကတော့ ဘယ် လိုတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ လည်းပြောလို့မရသေးဘူး။ အခြေအနေ တွေကလည်း ချက်ခြင်းအရေးပေါ်လိုဖြစ်နေ ပြီးတော့ပြောင်းလဲနေတယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီး အဖြေတစ်ခုပေးဖို့ခက်နေပါသေး တယ်။ ဖြစ်ပွားခဲ့တဲ့ကိစ္စအပေါ် ဖြေရှင်းရာမှာ ပါဝင်ခဲ့တဲ့ကော်မရှင်အဖွဲ့ဝင်တွေကို ကော် မတီတွင်းကြားနာမှုရယ်လို့တော့မလုပ်ပါဘူး။ ဖြေရှင်းခဲ့တဲ့ကော်မရှင်အဖွဲ့ဝင်တွေကတော့ ဖြစ်စဉ်ကို ကော်မရှင်ကိုစက်တင်ဘာ ၁၉ ရက် ကတင်ပြပါတယ်။ သူတို့ဆောင်ရွက်ခဲ့တဲ့ကိစ္စ အသေးစိတ်ကိုကော်မရှင်မှာ ဒီကနေ့(စက် တင်ဘာ ၂၂ ရက်)ထပ်ပြီးတော့ ဆွေးနွေး ကြတယ်။ ဒီကိစ္စမှာပါဝင်ဆောင်ရွက်ခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့ စိစစ်ဆုံးဖြတ်ချက်ချမှတ်တာမျိုးမလုပ်သေးပါ ဘူး။ ဥပဒေလည်းရှိတော့ ဥပဒေနဲ့အညီ သွား မှာပါ။ လွှတ်တော်ဘက်ကလည်း အရေးကြီး အဆိုတင်သွင်းလုပ်နေပြီဆိုတော့ ဒီကိစ္စနဲ့ ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့အထောက်အကူပြုနိုင်ဖို့လုပ်နေပါတယ်။
ဦးအောင်မျိုးမင်း(လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ)
+++++++++++++++++++++++++
ဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်ဟာ သူတို့ဆီကိုတိုင်ကြားမှုရှိတဲ့အတွက် ပထမဆုံးစုံစမ်းမှုတွေလုပ်ဆောင်တာက သူတို့ ရဲ့လုပ်ပိုင်ခွင့်အတိုင်းအတိအကျဖြစ်ပါတယ်။ ကော်မရှင်ဥပဒေထဲမှာဆိုရင် တိုင်ကြားမှုတွေ ကိုစုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်။ ဒီဟာတွေ ကိုလိုအပ်သလို သက်ဆိုင်ရာကိုတင်ပြပိုင်ခွင့် ရှိတယ်။ အချို့နေရာတွေမှာလူ့အခွင့်အရေး ဖြစ်မှာကို စိုးရိမ်ရတဲ့အခြေအနေမျိုးရောက် နေတဲ့အခြေအနေမျိုးမှာတောင်စုံစမ်းစစ် ဆေးပိုင်ခွင့်ကိုပေးထားပါတယ်။ ပထမအနေ နဲ့ကော်မရှင်က သူရဲ့လုပ်ငန်းတာဝန်အရ စုံ စမ်းစစ်ဆေးမှုအပိုင်းကိုလုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်ထောက် ပြချင်တာကတော့ စုံစမ်းစစ်ဆေးတဲ့အမှုက သာမန်အမှုမဟုတ်ဘူး။ ဖြစ်တဲ့အမှုကအ ရမ်းကြီးတယ်။ အမှုကရာဇ၀တ်မှုအဖြစ် ကျူး လွန်ရာလည်းရောက်တယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေကိုချိုးဖောက်ရာလည်းရောက်ပြီးတော့ နိုင်ငံတကာကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်တာလည်းဖြစ်တယ်။ အဲဒီလောက် ထိကြီးမားတဲ့အပြစ်တစ်ခုကိုဘာကြောင့်များ ငွေကြေးပေးပြီး ဖြေရှင်းတာကိုလက်ခံတာလဲ ဆိုတာကိုတော့ မေးခွန်းထုတ်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကော်မရှင် ရဲ့လုပ်ပိုင်ခွင့်ထဲမှာ စစ်ဆေးရုံတင်မက ဖြစ် စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကိုအသိပေး ရမယ်။ တိုင်ကြားရမယ်ဆိုတာပါထားပြီး သား။ ဒီလောက်ကြီးတဲ့အမှုကို တရားဥပဒေ အရ အမြင့်ဆုံးအထိလုပ်ဆောင်သင့်တာကိုအ နိမ့်ဆုံးငွေပေးပြီးတော့ ကျေအေးမှုကို ဘာကြောင့် ခွင့်ပြုတာလဲဆိုတဲ့အပိုင်းကို ထောက်ပြချင် ပါတယ်။ ဒီကိစ္စကို သွားရောက်ပြီးလေ့လာ တဲ့သူတွေက ဒီကိစ္စဟာ ဥပဒေအရကျူးလွန် မှုမြောက်နေတယ်။ ကလေးအခွင့်အရေးချိုး ဖောက်မှုရောက်နေတယ်ဆိုတာမသိတာလား။ ဒါမှမဟုတ် ဒီလိုမျိုးကလေးတွေရဲ့အရေးကို လုပ်ဆောင်ဖို့စိတ်ဆန္ဒမရှိတာလားဆိုတာ ကိုလည်း မေးမြန်းစရာဖြစ်လာပါတယ်။
ကျေအေးမှုက တကယ့်ကိုဆိုးဆိုးရွား ရွားကျူးလွန်တဲ့အမှုမျိုးမဟုတ်ဘူး။ ကျူးလွန် တဲ့ကိစ္စနဲ့ထိုက်တန်တဲ့ကျေအေးမှုမျိုးဆိုရင် လက်ခံသင့်ပါတယ်။ အခုဟာက အရွယ်မ ရောက်သေးတဲ့ကလေးတွေ။ နောက်ရက်
ရက်စက်စက်လူမဆန်စွာလုပ်ဆောင်ထားမှု။အာမခံတောင်ပေးခွင့်မရှိတဲ့အမှုမျိုးပါ။ ကလေး အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးချိုး ဖောက်မှုတင်မက ရာဇ၀တ်မှုချိုးဖောက်မှုပါ မြောက်တယ်။ အဲဒီလိုအနေအထားမျိုးမှာ ကျေအေးမှုကိုလက်ခံလိုက်တာက လူ့အခွင့် အရေးစောင့်ရှောက်မှုအတွက် တာဝန်ရှိထား သော၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က တာဝန် ခန့်အပ်ထားသော ပြန်တမ်းဝင်လူ့အခွင့်အရေး ကော်မရှင်က နှစ်ဦးနှစ်ဖက်ညှိနှိုင်းကျေအေး မှုလုပ်တာကိုလက်မခံသင့်ဘူးလို့မြင်ပါတယ်။ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို အရေးယူဖို့အ ရေးကြီးအဆိုနဲ့ပတ်သက်ပြီးပြောရရင် အရေး ယူဖို့ဆိုတာသက်သေသက်ကန် အများကြီး လိုအပ်ပါတယ်။ နောက်လာဘ်စားမှုရှိလား မရှိလား၊ လာဘ်စားမှုရှိတယ်ဆိုရင်တော့ အရေး ယူမှုအပိုင်းလုပ်လို့ရမယ်။ ကော်မရှင်ဥပဒေ မှာက ဒါမျိုးအမှုကိုကြားနာရုံပဲရှိတယ်။ ကော် မရှင်ကိုယ်တိုင်အမှုဆွဲတာမျိုး၊ အမှုဖွင့်တဲ့ဟာ မျိုးလုပ်ဆောင်ပိုင်ခွင့်ပေးမထားဘူး။ ဒါကြောင့် မို့ဒီအမှုမှာပါတဲ့သူတွေကို တာဝန်ဝတ္တရား ပျက်ကွက်မှုနဲ့အရေးယူမယ့်အစား ဒီထက်ပို ကောင်းတာကတော့ ခိုင်မာမှုမရှိတဲ့လုပ်ပိုင် ခွင့်ပေးမထားတဲ့ဥပဒေကို ပြောင်းလဲတာက ပိုပြီးအဆင်ပြေပါမယ်။ နောက်တစ်ခုက ဒီ ကော်မရှင်ထဲမှာ လူ့အခွင့်အရေးအကြောင်း ကိုတကယ်ပဲနားလည်သဘောပေါက်တဲ့ အပြင် လူ့အခွင့်အရေးနှလုံးသားနဲ့စိတ်ဓာတ် တွေအပြည့်ရှိတဲ့ လူ့အခွင့်အရေးအမှန်တကယ် ကာကွယ်စောင့်ရှောက်မယ့်သူတွေပါဝင် အောင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း ဖို့က ပိုအဆင်ပြေမယ်လို့ယူဆပါတယ်။
ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊
ဥက္ကဋ္ဌ၊အမျိုးသားဒီမိုကရေစီပါတီသစ်)
++++++++++++++++++++++++++++++++++++
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကအင်းဝအပ်ချုပ်ဆိုင်က အမျိုး သမီးငယ်လေးနှစ်ဦးအမှုနဲ့ပတ်သက်ပြီး ဖြေ ရှင်းတဲ့ပုံစံကို အားမရတာ၊ အားရတာက တစ်ပိုင်းပေါ့။ မြန်မာနိုင်ငံတရားရေးမူထဲမှာ မူအနေနဲ့အမှုအခင်းဖြစ်လာရင် ညှိနှိုင်းပေး တာကို မူတစ်ခုအနေနဲ့ပြည်ထောင်စုတရား စီရင်ရေးမူအနေနဲ့လက်ခံထားတယ်။ အခု ဖြစ်ပွားတဲ့ကိစ္စက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ အရလည်း အရေးယူလို့ရတယ်။ နာကျင်စေ မှု၊ ပုဒ်မ ၃၂၅၊ ၃၂၆ နဲ့၊ နောက်ကလေး သူငယ်ဥပဒေနဲ့လည်းအရေးယူလို့ရတယ်။ ၁၆ နှစ်အောက်ဆိုရင် လူကုန်ကူးမှုဥပဒေနဲ့ အကျုံးဝင်ရင်လည်း လူကုန်ကူးမှုနဲ့အရေးယူ လို့ရတယ်။ အဲဒါကြောင့်ညှိနှိုင်းတာက ညှိ နှိုင်းတာပဲ။ ရာဇ၀တ်မှုမြောက်တဲ့ဟာ ပြစ်မှု မြောက်တဲ့ဟာကို ပြစ်မှုကြောင်းနဲ့အရေးယူရ
မှာကတစ်ပိုင်း။ ကော်မရှင်အဖွဲ့ဝင်အချို့ရဲ့ လုပ်ဆောင်ချက်ဟာ ဥပဒေနဲ့မညီတဲ့အတွက်
စွပ်စွဲအရေးယူဖို့တင်ပြတဲ့နေရာမှာ ကော် မရှင်အဖွဲ့ဝင်များသည် ကော်မရှင်ကို တာဝန် ခံရတယ်။ ဒါကြောင့်မို့ ဦးဖြူ၊ ဦးနီ၊ ဦးဝါ ဆိုပြီး ရွေးပြီးမဆောင်ရွက်သင့်ပါဘူး။ ကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်ရဲ့သဘောတူညီချက် နဲ့ဖွဲ့စည်းပေးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ကော်မ ရှင်သည် ဥပဒေနဲ့ညီ၊ မညီဆိုတာကို ကော်မ ရှင်ဥပဒေနဲ့ကြည့်ရမယ်။ လက်ရှိအချိန်မှာ အမှုကစုံစမ်းဆဲပဲရှိသေးတယ်။ တရားဥပဒေ စိုးမိုးရေးကိုလိုလားတယ်ဆိုရင် နစ်နာသူတွေ အတွက် ဥပဒေကပေးထားတဲ့အခွင့်အရေး တွေအပြည့်အ၀ရအောင် ၀ိုင်းပြီးတော့ကူညီ ဆောင်ရွက်ပေးတာက အကောင်းဆုံးနည်း လမ်းလို့ထင်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ သမ္မတကြီးဦးသိန်းစိန်လက် ထက်မှာပေါ်ပေါက်ခဲ့တာ။ အရင်တုန်းက လူ့ အခွင့်အရေးကြေညာစာတမ်းကိုဖြန့်ဝေတာ တောင် ဖမ်းဆီးအရေးယူခံရတဲ့အခြေအနေ တွေကိုဖြတ်သန်းခဲ့ရတယ်။ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ခြုံကြည့်ရင် လက်ရှိမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာရုံးလုပ်ငန်းပိုင်းနဲ့ပတ်သက်ရင် ထိတွေ့ဆက်ဆံမှု အရစနစ်ကျတယ်။ သို့သော်နိုင်ငံရေးအမြင် အရဆောင်ရွက်ရမယ့်ကိစ္စတွေကျတော့ သူတို့တွေက နိုင်ငံရေးနယ်ပယ်ကလာတဲ့သူ တွေမဟုတ်တဲ့အတွက် တစ်ဦးချင်းအနေနဲ့ အားနည်းချက်တွေတော့ ရှိပါတယ်။
ဦးရောဘတ်စန်းအောင်(တရားလွှတ်တော်ရှေ့နေ)
+++++++++++++++
အင်းဝအထည်ချုပ်ဆိုင်မှ အိမ်ဖော် အမျိုးသမီးငယ်များကို လူမဆန်စွာညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ကိစ္စမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တာဝန်ရှိသူတွေက လူ့အခွင့်အ ရေးနဲ့မညီတဲ့ကြီးမားတဲ့မှုခင်းကို မျက်ကွယ်ပြု ခဲ့တယ်။ နိုင်ငံအတွင်းမှာလူ့အခွင့်အရေးတွေ တိုးတက်အောင်လုပ်ဖို့နဲ့လူ့အခွင့်အရေး တွေမြှင့်တင်ဖို့ဖွဲ့စည်းပေးထားတဲ့ကော်မရှင်
ကိုယ်တိုင်က လူ့အခွင့်အရေးကိုချိုးဖောက် တာလို့မြင်တယ်။ လူ့အခွင့်အရေးကြေညာ စာတမ်းမှာ လူတိုင်းဟာ တရားဥပဒေမှာ အညီ အမျှဖြစ်စေရမည်လို့ပါတယ်။ အခုဟာက ပိုက်ဆံရှိတဲ့သူက အရေးယူမခံရဘူးဆိုတဲ့ လွဲ မှားတဲ့ ငွေများတရားနိုင်တဲ့တရားစီရင်ရေးပုံစံကိုပြန်ပြီးအသက်သွင်းတဲ့ပုံစံဖြစ်နေတယ်။
ကော်မရှင်အနေနဲ့မှုခင်းကိုထိမ်ချန်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကော်မရှင်အ ဖွဲ့ဝင်တွေကို တရားစွဲတင်နိုင်ဖို့လုပ်နေတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်တာဆိုတော့ သမ္မတကြီးဆီခွင့် ပြုချက်တောင်းခံရမှာပေါ့။ အဲဒီမှာတောင်း ခံပြီးတော့ တရားစွဲလို့ရမယ်။ ပြည်သူ့လွှတ် တော်မှာလည်း အရေးကြီးအဆိုတင်သွင်းပြီး တော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး တော့မယ်။ ကျွန်တော့်အမြင်ပြောရရင် ဒီကော် မရှင်ကိုလုံးဝဖျက်သိမ်းရမယ်။ ဦးသိန်းစိန် လက်ထက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတစ်ဖွဲ့လုံးကို အနားပေးလိုက် သလို သူတို့ကိုလည်းအနားပေးလိုက်ရမယ်။
Credit To >>> Democracy Today

0 comments:

Post a Comment