Tuesday, August 16, 2016

မြေယာအရေး တိကျစွာ ဖြေရှင်းပေးရန် FNI သဘောထား ကြေညာချက် ထုတ်ပြန်

သိမ်းဆည်းခံ မြေယာများနှင့် အခြား မြေယာ အရေးများနှင့် ပတ်သက်၍ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် စိစစ်ရေး ကော်မတီက တိကျစွာ လိုက်နာ ဖြေရှင်းပေးရန် လယ်သိမ်းခံ တောင်သူများနှင့် အထက်မြန်မာပြည် လယ်သမားနှင့် အလုပ်သမားရေး ဆောင်ရွက်ပေးသူများအဖွဲ့ (FNI) က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အဆိုပါအဖွဲ့ အဖွဲ့ဝင် ဦးအေးသိန်းက ပြောကြားသည်။
“မြေယာ သိမ်းဆည်းတာတွေနဲ့ ပတ်သက်ပြီး ခေတ် အဆက်ဆက်က သိမ်းလာတာ ဘာမှ ဖြေရှင်းပေးတာ မရှိဘူး။ပြည်သူ့ အစိုးရလက်ထက်မှာ လယ်ပိုင်ရှင်တွေ ပြန်ရအောင် အမိန့် ထုတ်ခဲ့ပေမယ့် အောက်ခြေ ဌာနဆိုင်ရာတွေက အလွဲလွဲ အချော်ချော် လုပ်နေတာတွေကို အစိုးရက သိစေချင်လို့”ဟု ဦးအေးသိန်းက ပြောဆိုသည်။

ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင်လည်း လက်ရှိအချိန်အထိ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် စိစစ်ရေး ကော်မတီများ မဖွဲ့နိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တချို့တွေကလည်း လယ်ပြန်ရဖို့ တိုင်စာ ပို့ကြတယ်။ ရက် ၆ဝ ကျော်တာတောင် အကြောင်း ပြန်တာမျိုးတွေ မရှိတော့ တောင်သူတွေက ကိုယ့်လယ်ကို ပြန်လုပ်ရအောင် လုပ်တော့ အမှုတွေနဲ့ တရား ရင်ဆိုင် ထောင်ကျကုန်တယ်”ဟု လယ်သမားအရေး လှုပ်ရှား ဆောင်ရွက်သည့် ဦးဇော်ရမ်းက ပြောဆိုသည်။

အဆိုပါ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် စိစစ်ရေး ကော်မတီ ဖွဲ့စည်းရာတွင် ရပ်ကျေးမှအစ အဆင့်ဆင့်အလိုက် တောင်သူလယ်သမား ကိုယ်စားပြု သုံးဦး ပါဝင် ဖွဲ့စည်းရမည် ဆိုသော်လည်း ပါဝင်ခြင်း မရှိဘဲ အောက်ခြေအဆင့်များတွင် လွဲချော်မှုများကို ဖြေရှင်း ပေးစေလိုကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment