Wednesday, August 10, 2016

မန္တလေးတိုင်းရှိ အစိုးရဌာနများ၌ E-Government စနစ် ဆောင်ရွက်နိုင်ရန် စီစဉ်

မန္တလေးတိုင်းရှိ အစိုးရဌာနများအားလုံး၏ လုပ်ငန်း ဆောင်ရွက်မှုများအားလုံးကို E-Government စနစ်ဖြင့် ဆောင်ရွက်ရန် E-Mandalay အမည်ရှိ ၀က်ဘ်ဆိုက်တစ်ခုနှင့် ဒေတာစင်တာများကို ကွန်ပျူတာအသင်းအ ဖွဲ့များဖြင့် ပူးပေါင်းတည်ဆောက်မည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ ထံမှ သတင်းရရှိသည်။

‘‘မန္တလေးတိုင်းအတွင်းမှာရှိ တဲ့ ဌာနအားလုံးရဲ့ အချက်အ လက်တွေအားလုံးကိုစုပြီး Data Center တစ်ခုတည်ဆောက်သွား မယ်။ ပြီးတော့ E-Mandalay နာမည်နဲ့ ၀က်ဘ်ဆိုက်တစ်ခုကို တည်ထောင်ပြီးတော့ အစိုးရအဖွဲ့ က ၀န်ဆောင်မှုပေးနေတဲ့ လုပ်ငန်း တွေကို အများပြည်သူလေ့လာနိုင် ဖို့ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။

E-Mandalay ၀က်ဘ်ဆိုက် ကို ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍ ဖွံ့ဖြိုးရေး အားပေးသည့်အ နေဖြင့် မန္တလေးမြို့၏ သမိုင်းအ ကြောင်း၊ အထင်ကရလည်ပတ် စရာနေရာများ၊ ခရီးသွားဝန် ဆောင်မှုများအကြောင်း သီးသန့် ကဏ္ဍတစ်ခုအနေဖြင့် ဖော်ပြမည်ဖြစ်ပြီး အစိုးရဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အီလက်ထရွန်နစ်စနစ်ဖြင့် စီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်မည်ဟုဆိုသည်။
‘‘ပြည်သူတွေကို ပေးနေတဲ့ ၀န်ဆောင်မှုတွအပြင် မှုခင်းကျ ဆင်းရေး၊ သဘာဝဘေးစီမံခန့်ခွဲ မှုစတဲ့လုပ်ငန်းတွေ အားလုံးကို လည်း အီလက်ထရွန်နစ် စီမံခန့် ခွဲမှု စနစ်အနေနဲ့ ဆောင်ရွက်နိုင် အောင်လုပ်မှာ ဖြစ်ပါတယ်’’ ဟု ဦးစိုင်းကျော်ဇောက ပြောသည်။
E-Mandalay ၀က်ဘ်ဆိုက် နှင့် ဒေတာစင်တာတို့ကို တည် ဆောက်ရာတွင် ၀န်ဆောင်မှုနှင့် ဌာနတွင်း လုပ်ငန်းများအတွက် အီလက်ထရွန်နစ်စနစ်ဖြင့် ဆောင်ရွက်ခြင်းဟူ၍  အကောင်အထည်ဖော်မည်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment