Wednesday, August 10, 2016

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးကားလမ်း အက်ကြောင်းများဖြစ်ပေါ်




မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖြစ်သည့် ကလေးမြို့နှင့် ကလေးဝမြို့အကြား ချောင်းကျဉ်းကျေးရွာအနီး မြစ်သာမြစ်ဘေးရှိ
ကားလမ်းအရှည် နှစ်ဖာလုံခန့် အက်ကြောင်းများဖြစ်ပေါ်ခဲ့သဖြင့် မော်တော်ယာဉ်များသွားလာမှုရပ်ဆိုင်းခဲ့ပြီး ကလေး-ကလေးဝ- တမူး သွားသည့်မော်တော်ယာဉ်များ ယနေ့(သြဂုတ် ၁၀ ရက်) နံနက် ၉ နာရီအထိ ပိတ်မိနေသည်။
လက်ရှိအချိန်တွင် မြေဆက်လက်အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသဖြင့် မော်တော်ယာဉ်ကြီးများသွားလာမှု ပိတ်ထားလိုက်ပြီဖြစ်သည်။


Credit To >>> The Voice Weekly

0 comments:

Post a Comment