Tuesday, August 9, 2016

ထောက်လှမ်းရေးဂြိုဟ်တု ငါးလုံး တောင်ကိုရီးယားစစ်ဘက်ဖြန့်ကြက်မည်

တောင်ကိုရီးယားစစ်ဘက်သည် ၂ဝ၂၂ ခုနှစ်ထက် နောက်မကျဘဲ ထောက်လှမ်းရေးဂြိုဟ်တုငါးလုံးကို ဖြန့်ကြက်ရန်စီစဉ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သြဂုတ် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် ဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်စေရေးအတွက် စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နိုင်စေရန် ထောက်လှမ်းရေးဂြိုဟ်တုများကို လွှတ်တင်သွားရန် တောင်ကိုရီးယားစစ်ဘက်က အစီအစဉ်တစ်ရပ် ရေးဆွဲထား ပြီဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက သတင်းထုတ်ပြန် သည်။
ထောက်လှမ်းရေး ဂြိုဟ်တုများကို ပြည်တွင်းပညာရှင် များက သုတေသနပြုထုတ်လုပ်သွားမည့် စီမံကိန်းတစ်ရပ် နှင့်ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ်ကို သြဂုတ် ၁ဝ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အဆိုပါစီမံကိန်းအတွက် ဝမ်ငွေ တစ်ထရီလီယံ(အမေ ရိကန်ဒေါ်လာ သန်း ၉ဝဝ) ကျခံသုံးစွဲမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။


တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းဖြစ် ထောက်လှမ်း ရေးဂြိုဟ်တုကို ၂ဝ၂ဝ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် ဖြန့်ကြက်မည်ဖြစ်သည်။ ၂ဝ၂၁ ခုနှစ်တွင် နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တုနှစ်လုံးကို လည်းကောင်း၊ ကျန်ရှိသော ထောက်လှမ်းရေးဂြိုဟ်တု နှစ်လုံးကို ၂ဝ၂၂ ခုနှစ်တွင်လည်းကောင်း ကမ္ဘာပတ်လမ်းသို့ လွှတ်တင်မည် ဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment