Tuesday, August 16, 2016

တရားမ၀င် ငါးဖမ်းလှေများကို အမျိုးသားနေ့မတိုင်မီ အင်ဒိုနီးရှား ရေနှစ်မြုပ် ဖျက်ဆီး


အရှေ့တောင်အာရှဒေသတွင် တရားမ၀င် ငါးဖမ်းလှေများကို အကြီးဆုံးနှိမ်နှင်းမှုအဖြစ် မကြာမီကျရောက်တော့ မည့် အမျိုးသားနေ့မတိုင်မီတွင် အင်ဒိုနီးရှား အာဏာပိုင်များသည် လှေ ၈ စီးကို နှစ်မြုပ်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံမှ တရားမ၀င် ငါးဖမ်းလှေ ၈ စီးကို မြောက်ဆူလာဝေစီပြည်နယ်နှင့် မြောက်မာလူကူပြည်နယ် တို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ဒေသနှစ်ခုလုံးသည် အဏ္ဏ၀ါအရင်းအမြစ်များ ပေါကြွယ်ဝသည့် ဒေသများဖြစ်သည်။ တရားမ၀င်ငါးဖမ်းမှုများကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံထိခိုက်နစ်နာလျှက်ရှိကြောင်း တာဝန်ရှိသူများကပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် တရားမ၀င်လုပ်ရပ်များကို စုံစမ်းထောက်လှမ်းနေပြီး ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံခြား ငါးဖမ်းလှေ ၂၀ ကျော်ကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံတို့သည် ပင်လယ်ရေပြင်ဥပဒေစိုးမိုးရေးကို တိုးမြှင့်ရန်နှင့် တရားမ၀င်ငါးဖမ်းမှုများကို နှိမ်နှင်းရန် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။
Credit To >>> Democracy Today 

0 comments:

Post a Comment