Tuesday, August 16, 2016

နိုင်ငံတော်အရန်ဆန်ဝယ်ယူရန် ယခုနှစ်ထပ်တိုးဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံမည်

 နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေး ယခုဘဏ္ဍာနှစ်နောက် ထပ်ခွဲဝေမည့် ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံရန် ပြည် ထောင်စုအစိုးရအဖွဲ့က ညွှန်ကြား ထားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံ တော်အရန်ဆန်ဝယ်ယူရန် ဘတ်ဂျက်ခွဲဝေစဉ်က မပါဝင်ခဲ့၍ နိုင်ငံတော်သမ္မတ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရန်ပုံငွေမှ သုံးစွဲခွင့်ပြုရန် တောင်းခံရာ ပြည်ထောင်စုအစိုးရအဖွဲ့က ယခုနှစ်အတွင်း နောက်ထပ်ခွဲဝေမည့် ဖြည့်စွက်ဘတ်ဂျက်၌ ထည့်သွင်း တောင်းခံရန် ညွှန်ကြားခဲ့ကြောင်း ၎င်းကပြောသည်။

 ဘတ်ဂျက်ခွဲဝေမှုများကို ဘဏ္ဍာနှစ်မတိုင်မီ ခွဲဝေချထားခြင်းဖြစ်ပြီး ဘဏ္ဍာငွေထပ်မံလိုအပ်ခြင်းနှင့် ထပ်မံသုံးစွဲရမည့် ကိစ္စရပ်များအတွက် နောက်ထပ်တစ်ကြိမ် ဘဏ္ဍာငွေခွဲဝေမှုပြုလုပ်ခြင်း ဖြစ်သည်။
‘‘နိုင်ငံတော်သမ္မတရန်ပုံငွေ ကနေ သုံးစွဲခွင့်ပြုဖို့ ပြီးခဲ့တဲ့တစ်လ ကျော်လောက်က တင်ပြခဲ့တယ်။ နောက်ထပ်တိုးတဲ့ ဘတ်ဂျက်မှာ ထည့်သွင်းတောင်းခံဖို့ ပြန်ပြော တယ်။ ထပ်တိုးဘတ်ဂျက်ကတော့ ပုံမှန်နိုဝင်ဘာ၊ ဒီဇင်ဘာမှာက ဘတ်ဂျက်ခွင့်ပြုကာလပေါ့’’ဟု ဦးခင်မောင်လွင်က ပြောသည်။
အရန်ဆန်ကို ဘတ်ဂျက်ရရှိ မှုအပေါ်မူတည်၍ တန်ချိန် ၅,၀၀၀မှ ၃၀,၀၀၀ ခန့်အတွင်း ၀ယ်ယူ နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်း ကပြောသည်။ သဘာဝဘေးအန္တ ရာယ်ကျရောက်ပါက စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရန်  နိုင်ငံတော် အရန်ဆန်ဝယ်ယူထားပြီး လိုအပ် ချိန်များ၌ ပြန်လည်ဖြန့်ဖြူးပေး ခြင်းဖြစ်သည်။
‘‘အရန်ဆန်အတွက် ဘတ် ဂျက်ရဖို့ကတော့ ပထမဆုံးဘဏ္ဍာ ရေးဝန်ကြီးဌာနနဲ့ညှိရတယ်။ ပြီးရင် ပြည်ထောင်စုအဆင့်မှာ ၀န်ကြီးဌာနတွေအားလုံး ဘတ်ဂျက်တွေ ပြန်ညှိနှိုင်းရတယ်။ ပြီးတော့မှ လွှတ်တော်ကို တင်တာ၊ လွှတ် တော်ခွင့်ပြုတာကတော့ နောက် ဆုံးအဆင့်ပေါ့’’ဟု လက်ထောက် အတွင်းဝန်က ပြောသည်။
ယခင်အစိုးရလက်ထက်က နိုင်ငံတော်အရန်ဆန် ၀ယ်ယူရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် က ကျပ် ၃ ဒသမ ၅ ဘီလီယံ၊သမ၀ါယမအသင်းက ကျပ်တစ်ဘီလီယံ၊ အစိုးရကကျပ် ၁၀ ဘီလီယံထည့်ဝင် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုများကြောင့် သြဂုတ် ၈ ရက်အထိ မိုးစပါးစိုက်ခင်း ဧက ၃၅၀,၀၀၀ ခန့်အပါအ၀င် ဧက ၄၁၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၁၆,၀၀၀ ကျော်ပျက်စီးကာ ဧက ၅၃,၀၀၀ ကျော် ထိခိုက်ခဲ့ ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနက ထုတ် ပြန်ထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment