Wednesday, July 20, 2016

ရုရှားထံမှ S-300 ဒုံးကျည်ကာကွယ်ရေးစနစ်အချို့ အီရန်လက်ခံရရှိ


ရုရှားနိုင်ငံက အီရန်နိုင်ငံသို့ S-300 မြေပြင် ဝေဟင်ခွင်း ဒုံးကျည်ကာကွယ်ရေးစနစ်အချို့ လွှဲအပ်လိုက်ရာ ယခုနှစ် အကုန်တွင် တီဟီရန်သို့ အဆိုပါဒုံးကျည်ကာကွယ်ရေး စနစ်ပါ အစိတ်အပိုင်းအားလုံး လွှဲအပ်မှုပြီးစီးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း တက်စ်နင်သတင်းဌာနက ဇူလိုင် ၁၈ ရက်တွင် ရေးသားဖော်ပြသည်။
S-300 ဒုံးကျည်ကာကွယ်ရေးစနစ် ပထမဆုံးအကြိမ် ပို့ဆောင်မှုမှာ မကြာသေးမီက အီရန်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ယင်းမှာ လေကြောင်းကာကွယ်ရေးကဏ္ဍတွင် ထိုစနစ်တပ်ဆင်ရန် အီရန်နိုင်ငံ၏စိတ်ပိုင်းဖြတ်ထားမှုကို ပြသနေကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် နီးကပ်မှုရှိသော အဆိုပါသတင်းဌာနက ဆိုသည်။ အီရန် နိုင်ငံသို့ S-300 ဒုံးကျည်ကာကွယ်ရေးစနစ် ထောက်ပံ့ရန် ရုရှားနိုင်ငံ၏သဘောတူညီမှုက အစ္စရေးနိုင်ငံ၌ စိုးရိမ် ပူပန်မှုဖြစ်ပေါ်စေခဲ့သည်။ ၂ဝ၁ဝ ခုနှစ်အတွင်း အီရန်နိုင်ငံ သို့ S-300 ဒုံးကျည်ကာကွယ်ရေးစနစ်များ လွှဲအပ်မည့် သဘောတူစာချုပ်တစ်ရပ်မှာ အနောက်အုပ်စု၏ဖိအားကြောင့် ပျက်ပြယ်ခဲ့ရကြောင်း ရုရှားနိုင်ငံက ပြောကြားသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်း နျူသဘောတူညီချက် အပြည့်အဝရရှိစေရန် လမ်းခင်းပေးသည့်ကြားဖြတ် သဘောတူညီချက်တစ်ရပ်ရရှိပြီးနောက် ယင်းနှစ် ဧပြီလ အတွင်း ၄င်းကိုယ်တိုင်ချမှတ်ထားသော ပိတ်ဆို့မှုကို သမ္မတ ဗလာဒီမာပူတင်က ရုပ်သိမ်းခဲ့သည်။ ရုရှားနိုင်ငံသည် ပြီးခဲ့သောဧပြီလအတွင်းက အီရန်နိုင်ငံသို့ ဒုံးကျည် များနှင့် ရေဒါကိရိယာများပါဝင်သည့် ပထမအသုတ် S-300 ဒုံးကျည်ကာကွယ်ရေးအစိတ်အပိုင်းများ လွှဲအပ်ခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment