Monday, July 25, 2016

နေပြည်တော် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာစီမံကိန်း ယခုနှစ် စက်တင်ဘာလကုန်ပြီးမည်


နေ ပြည်တော်၌ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်နေ မှုမှာ စက်တင်ဘာ လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ယင်းတန်ဖိုးနည်းအိမ်ရာကို နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရေ နံ့သာ ရပ်ကွက်တွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ အဆောက်အအုံ ဦးစီးဌာန အဆောက် အအုံအထူး အဖွဲ့(၂)မှ တာဝန်ယူတည်ဆောက် လျက်ရှိပြီး လက်ရှိ၌ ၃၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အထူးအဖွဲ့ (၂) မှ ဦးစီးအရာရှိ (မြို့ပြ)ဦးမောင် မောင်လွင်ကပြောသည်။

"အခုတည်ဆောက်နေတာ တန်ဖိုးနည်းအိမ်ရာဆိုပေမယ့်အ ဆောက်အအုံကို အရည်အသွေး ကောင်းကောင်းဖြစ်အောင်ရယ်။ ဒီ အဆောက်အအုံကို စံချိန်စံညွှန်းနဲ့ အညီတည်ဆောက်နေပါတယ်" ဟု ဦးမောင်မောင်လွင်က ဇူလိုင် ၂၃ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြော သည်။

အဆောက်အအုံကို Quality Control စမ်းသပ်ကိရိယာ များဖြင့် နေ့စဉ် စစ်ဆေး တည်ဆောက်နေ ကြောင်း ၎င်း ကပြောသည်။

ယင်းတန်ဖိုးနည်းအိမ်ရာကို သံကူကွန်ကရစ်အဆောက်အအုံပုံ စံ (Reinforced Concrete Building)နှင့် သံထည်အဆောက် အအုံပုံစံ(Steel Structure Building) ဟူ၍ နှစ်မျိုးတည်ဆောက်နေပြီး အ ဆောက် အအုံ တစ်လုံးလျှင် ရှစ်ခန်း တွဲငါးထပ် အခန်းပေါင်း ၄၀ ပါဝင် သဖြင့်စုစုပေါင်း အခန်း ၈၀ ရှိသည်။

"တိုက်ခန်းတစ်ခန်းရဲ့ ကျသင့် တန်ဖိုးကို ကျပ်သိန်း ၁၀၀ အောက် ခန့်မှန်းထားတယ်" ဟု ဦးမောင်မောင် လွင်ကပြောသည်။

တည်ဆောက်ပြီးစီးသွားလျှင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မည်သို့သော စနစ်မျိုးဖြင့် ရောင်းချ မည်ကို ပြည်သူထံထပ်မံအသိပေး သွားမည်ဟု သိရသည်။

ဆောက်လုပ်ရေးဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တန်ဖိုးနည်းအိမ် ရာ တည်ဆောက်ရေး စီမံကိန်းကို ဇွန် ၁ ရက်မှ စတင်ကာ မြေတူးခြင်း လုပ်ငန်း များစတင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

Credit To >>> Democracy Today 

0 comments:

Post a Comment