Monday, July 25, 2016

အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံးစမ်းသပ်ရာမှပေါက်ကွဲမှုဖြစ်၊ ယင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးတောင်းပန်


 

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၊တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံးအားစမ်းသပ် စဉ်လေနှင့်ထိ ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံရုံးအနီးလမ်းသွားလမ်းလာအချို့ မျက်ရည်ယို မှုများဖြစ်ပေါ်ခဲ့သည့်အတွက် နောက်နောင်ထိုသို့မဖြစ်စေရေးအမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ထိုဖြစ်စဉ်အတွက်တောင်း ပန်ပါကြောင်း ပြောကြား ခဲ့သည်ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဟန်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

အဆိုပါပေါက်ကွဲမှုမှာ ဇူလိုင်လ ၂၄ ရက်နေ့ ည၈နာရီ ခန့်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ဒုရဲမှူးသိန်းဟန်က “ အမေရိကန်သံ ရုံး တာဝန်ရှိသူတွေက နောင်ဒီလိုမျိုးမဖြစ်စေရပါဘူးဆိုပြီးတောင်းပန်တယ်။ Tear Gas လေ့ကျင့်စမ်းသက်နေရင်း လေနဲ့ထိပြီး အငွေ့ထွက်လာတာနဲ့ လမ်းပေါ်ကကားသမားတစ်ချို့ မျက်စိစပ်ပြီးတော့ နည်းနည်းအနှောင့် အယှက်ဖြစ်သွားတယ်။သံရုံးထဲမှာပေါက်ကွဲမှုဖြစ်တာမဟုတ်ဘူး။ဒါနဲ့ပတ်သတ်ပြီးတော့သံရုံးကတာဝန်ရှိသူတွေလည်းတရားဝင်တောင်းပန်ထားပါတယ်ဟုဒီမိုကရေစီတူဒေးသို့ပြောသည်။
သို့သော် အမေရိကန်သံရုံးအဆောက်အအုံဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ သံရုံးတာဝန်ရှိ သူများကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
ဗုံးပေါက်တယ်ဆိုတာမဟုတ်ပါဘူး။ဗုံးပေါက်တယ်ဆိုပြီးသတင်းတွေပြန့်ပြီးကောလာဟလသတင်းသာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဇူလိုင်၂၅ ရက်နေ့မနက် ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားပါမယ်ဟု သံရုံးမှပြောရေး ဆို ခွင့်ရှိသူ တစ်ဦးက ဆိုသည်။
သို့ရာတွင် ထိုဖြစ်စဉ်ကြောင့် လမ်းသွားလမ်းလာအချို့မှာ မီးခိုးများမွှန်၍ မျက်စိစပ်ခြင်း၊မျက်ရည်ယိုခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီး တစ်ဦးက ဗုံးပေါက်ကွဲတယ်ဆိုတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ရတဲ့ သတင်းအရ သံရုံးဝင်းအတွင်းမှာ သံရုံးဝန်ထမ်းတွေကို လုံခြုံရေးသင်တန်းပေး ရင်း မီးခိုးဗုံးကို လက်တွေ့အသုံးပြုသရုပ်ပြခဲ့တယ်လို့ တော့သတင်းရတယ်။ ကျွန်တော်တို့အနေနဲ့လည်း သံရုံးထဲကိုသူတို့ခွင့်ပြုချက်မရှိဘဲ ၀င်လို့မရတဲ့အတွက် အသေးစိတ်တော့သူတို့ပဲသိမယ်ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအ ရာရှိကြီး တစ်ဦးက ဗုံးပေါက်ကွဲတယ်ဆိုတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ ရတဲ့သတင်းအရ သံရုံးဝင်း အတွင်းမှာ သံရုံးဝန်ထမ်းတွေကို လုံခြုံရေးသင်တန်းပေး ရင်း မျက်ရည်ယိုဗုံးကို လက်တွေ့အသုံးပြု သရုပ်ပြခဲ့တယ်လို့ တော့သတင်းရတယ်။ ဒါပေမယ့် သံရုံးတာဝန်ရှိသူတွေ ဘက်ကတော့ ဘယ်လိုပြောမလဲတော့မသိဘူး။ ကျွန်တော်တို့အနေနဲ့လည်း သံရုံးထဲကိုသူတို့ခွင့်ပြုချက်မရှိဘဲ ၀င်လို့မရတဲ့အတွက် အသေးစိတ်တော့သူ တို့ပဲသိ မယ်ဟု ပြောကြားသည်။
Credit To >>> Democracy Today

0 comments:

Post a Comment