Monday, July 25, 2016

နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်မည်

 နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (National Economic Co-ordination Committee) ၏ ဒုတိယအကြိမ်မြောက် အစည်းအ ဝေးကို ဇူလိုင် ၂၇ ရက်တွင် ပြု လုပ်မည်ဖြစ်ကြောင်း ယင်းကော် မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ထံမှ သိရသည်။

 နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ဒုတိယအကြိမ်မြောက်အစည်းအ ဝေးကို ဇူလိုင် ၂၇ ရက် (ဗုဒ္ဓဟူး နေ့)တွင် ကျင်းပမည်ဖြစ်ပြီး အဖွဲ့ဝင်များအား ဖိတ်ကြားထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ဒုတိယအကြိမ်မြောက် နိုင်ငံ တော်စီးပွားရေးရာ ပေါင်းစပ်ညှိ နှိုင်းရေးကော်မတီ အစည်းအဝေး တွင် စီးပွားရေးဆိုင်ရာ မူဝါဒများ ဆွေးနွေးမည်ဟု ၎င်းက ပြောကြားသည်။
အဆိုပါကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးကို ဇူလိုင် အတွင်းက ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက ယင်းကော်မတီ ဖွဲ့စည်းကြောင်း ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံတော်တွင် တည်ငြိမ် အားကောင်းသော စီးပွားရေး မူဝါဒတစ်ရပ် ချမှတ်အကောင်အ ထည်ဖော်နိုင်ရန်၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေရေး ကြေးရေးနှင့် ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ် တောနှင့် စက်မှုကဏ္ဍများ၏ ပြု ပြင်ပြောင်းလဲရန် လိုအပ်ချက်ရှိ နေခြင်းကို ကဏ္ဍအသီးသီး၏ မူဝါဒများ အချိုးညီချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ဖွဲ့စည်းကြောင်း သမ္မတရုံးထုတ်ပြန်ချက်၌ ပါရှိသည်။
ဇွန်လ ၂ ရက်စွဲဖြင့် ဖွဲ့စည်း သော ယင်းကော်မတီတွင် အဖွဲ့ ဝင် ၁၁ ဦးပါရှိကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဦးသန်းမြင့်က ဒုတိယဥက္ကဋ္ဌ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန္ဒာဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
 ထို့အပြင် နိုင်ငံတော်၏ ကဏ္ဍအလိုက် ဦးစားပေးဆောင် ရွက်သင့်သည့် မူဝါဒများ သတ် မှတ်ရန်၊ အကောင်အထည်ဖော် မည့် ဦးစားပေးမူဝါဒများ၏ မဟာ ဗျူဟာ၊ နည်းဗျူဟာများ သတ် မှတ်ရန်၊ ပြည်ထောင်စုအစိုးရ အဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များ ထမ်းဆောင်ရန်၊ ကော်မတီအစည်းအဝေးများ လစဉ်ကျင်းပရန်၊ ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ မူဝါဒများ အလိုက် တင်ပြရန်တို့ လုပ်ဆောင်ရန် လုပ်ငန်းတာဝန်များတွင် ပါရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment