Monday, July 25, 2016

မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ဗန်းမော်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ ရေ၀င်ရောက်နေ၊ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်


ဧရာဝတီမြစ် ရေတိုးမြင့်လာမှုကြောင့် ကချင်ပြည် နယ် ဗန်းမော်မြို့နယ်တွင် ဇူလိုင် ၂၂ ရက်နေ့ကစတင် ကာ မြို့ပေါ်ရှိ မြေ နိမ့်ပိုင်းရပ်ကွက်အချို့နှင့် မြစ်ကမ်း နံဘေးကျေးရွာများတွင် ရေများ ၀င် ရောက်လာခဲ့ပြီး မိုးဆက်လက်ရွာ သွန်း နေခြင်းကြောင့် မြစ်ရေ ဆက်လက် ကြီးမြင့်လာနိုင်ကြောင်း သိရသည်။

" မြစ်ကြီးနားမှာ ရေတိုးသွားတဲ့ ဟာ ကျွန်တော်တို့ဆီမှာ ၂၄ နာရီ ကျော်ကျော်လောက် ဒီမှာလည်း တဖြည်းဖြည်း ရေက တက်လာတယ်။ မနေ့က (ဇူလိုင် ၂၃ ရက်)ညနေပိုင်း မှာ ၁၀၁၅ စင်တီမီတာရှိတယ်။ ဇူ လိုင် ၂၄ ရက်မနက်ကျတော့ ၁၀၃၁ စင်တီမီတာရှိပြီး ညကစပြီး ပြန်တက် လာပါတယ်။ အဲဒီဥစ္စာက တက်တော့ တက်နိုင်သေးတယ်ဗျ။ ကျွန်တော်မှန်း တာကတော့ ၁၁၀၀ စင်တီမီတာ လောက်ထိရောက်နိုင်တယ်။ ဒီနေ့ နေ့လယ် ၁၀၄၁ စင်တီမီတာရှိသွား ပြီ။ မိုးကလည်း ကချင်ပြည်နယ် မှာ တောက်လျှောက် ရွာနေ တာ။ နောက် လည်း ရွာဖို့ရှိတယ်။ မြစ်ရေဆက် တိုးဖို့ရှိပါတယ်" ဟု ဗန်းမော်မြို့နယ် မိုးလေ ၀သနှင့်ဇလဗေဒ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်းက ဒီမို ကရေစီတူဒေးသတင်းစာသို့ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်ကပြော သည်။

ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ဗန်းမော်မြို့ရှိ ခွန်သာရပ်ကွက်၊ ညောင် ပင်ရပ်ကွက်၊ ပေါက်ကုန်းရပ် ကွက်နှင့် ရွှေကျီးနား-နောင်ခိုရပ်ကွက် များရှိ မြေနိမ့် ပိုင်းနေရာများနှင့် မြစ် ကမ်းနံဘေးကျေးရွာများဖြစ်သော ပါ ပေါင်းကျေးရွာ၊ ဟဲလုံဟောင်းကျေး ရွာ၊ ရေလဲကျေးရွာ၊ မိုးစိမ်းကျွန်း၊ မံမလင်းကျေးရွာ၊ ရေနီကျေးရွာ၊ ကံ သာကျေးရွာ၊ လက်ပန်တန်းကျေးရွာ၊ ကုန်းခါးကျေးရွာ၊ မံပင်ကျေးရွာ၊ ငှက် ပျောတောကျေးရွာ၊ ကျွန်းကြီးကျေး ရွာ၊ ချောင်းဝကျေးရွာ၊ ကျောက် အိုက်-နောင်မိုကျေးရွာ၊ ဆိုင်ကင်ကျေး ရွာ၊ မိုင်းကာကျေးရွာ၊ စာဝတီးကျေး ရွာ၊ ကောင်းစင့်ကျေးရွာ၊ သပြေကုန်း ကျေးရွာနှင့် စင့်ကင်ကျေးရွာများ တွင် ရေ၀င်ရောက်လာခဲ့သည်။

"ခွန်သာရေ၀င်တာကတော့ ပုံမှန်လောက်ပဲရှိပါသေးတယ်။လယ် ကွင်းတွေကတော့ နှစ်စဉ်နှစ်တိုင်း မြုပ်နေ တာဆိုတော့ ရေ ၀င် တာပေါ့ လေ၊ စာသင်ကျောင်းတော့ မပိတ်သေး ပါဘူးဗျ။ လောလော ဆယ် ရေ မရောက် သေး ဘူး။ အဲဒီအောက်ဘက် မြေနိမ့် ပိုင်းရပ်ကွက် ထဲတော့ ရောက်တာပေါ့။ ရေဆက်တိုးရင် အိမ်နိမ့်ပိုင်းတွေ လောက် ပဲပြောင်းကြမှာ" ဟု ခွန်သာရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးတင်စောက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

စိုးရိမ်ရေမှတ် စင်တီမီတာ ၁၁၅၀ သတ်မှတ်ထားသော ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတိုင်းတာချက်အရ ၁၀၄၁ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ် သည်။

မိုးလေ၀သနှင့်ဇလဗေဒဦးစီး ဌာန၏ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီ အချိန်ထုတ်ပြန်ချက်အရ ကချင်ပြည် နယ်တွင် နေရာအနှံ့အပြား မိုးရွာ သွန်းနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ် ကြောင်း၊ နောက် ၂၄ နာရီခန့်မှန်းချက် အရ ဧရာဝတီမြစ်ရေသည် ၁၀၉၁ စင်တီမီတာရောက်ရှိနိုင်ကြောင်း သိရ သည်။


# Democracy Today

0 comments:

Post a Comment