Thursday, July 14, 2016

သာသနာတော် သန့်ရှင်းတည်တံ့ရန် သံဃာတော်များ ဆောင်ရွက်ရုံဖြင့် ပြီးပြည့်စုံမည်မဟုတ်ဟု မဟနဥက္ကဋ္ဌဆရာတော် မိန့်ကြား

သာသနာတော် သန့် ရှင်းတည်တံ့ ပြန့်ပွားရေး ဆောင် ရွက်ရာတွင် သံဃာတော်များ ချည်း ဆောင်ရွက်ရုံဖြင့် ပြီးပြည့် စုံမှုရှိနိုင်မည်မဟုတ်ကြောင်းနိုင်ငံ တော် သံဃမဟာနာယက (မဟ န)ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက)က မိန့်ကြား သည်။

ဇူလိုင် ၁၃ ရက်က ရန်ကုန် မြို့ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂ လာဓမ္မသဘင်တွင် ကျင်းပသော မဟန၏ ဧကဒသမအစည်းအဝေး ၌ ဆရာတော်က အထက်ပါတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
‘သာသနာတော်သည် မင်း ကိုမှီ၍ တည်ရ၏’ဟု ရှေးရှေး သော မဟာထေရ်မြတ်ကြီးများ၏ အဆိုအမိန့်ရှိသည့်အတိုင်းနိုင်ငံ တော် အစိုးရမင်းတို့၏ အမှီရရှိမှ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က မိန့်ကြားသည်။

ဘုရား၊ သာသနာရေးရာ၊ ၀ိနိစ္ဆယရေးရာ၊ ပညာရေးရာများ ဆောင်ရွက်ရာတွင် လက်ရှိ ဒီမို ကရေစီစနစ်နှင့်လည်း ကိုက်ညီ၍ ဗုဒ္ဓဘုရားရှင်၏ ဓမ္မ၀ိနယနှင့် လည်း လုံးဝသွေဖည်မှုမရှိရလေ အောင် ဆောင်ရွက်ရသကဲ့သို့ အ ရပ်ဘက်ဥပဒေများနှင့်လည်းချိန် ထိုး၍ ဆောင်ရွက်ရန်လိုကြောင်း ဆရာတော်က ဆက်လက်မိန့် ကြားသည်။
 သို့မှသာ မိမိတို့ယုံကြည် အားထားကိုးကွယ်နေကြသည့် ဒါယကာများက မဟာနာယက အဖွဲ့ကြီးကို ရိုသေလေးစားမည် ဖြစ်ကြောင်း ဆရာတော်က မိန့် ကြားသည်။
ထို့အပြင်ဒီမိုကရေစီသဘောအရ လွတ်လပ်စွာ  ပြောဆိုရေးသား ဖော်ပြခွင့်ရှိသည့်ကာလတွင် သ တင်းမီဒီယာများအနေဖြင့် မဟာ နာယကအဖွဲ့အပေါ် မလျော်ပြော ဆိုရေးသားမိပါကလည်း အကု သိုလ်တရား ပွားများနိုင်ကြောင်း နှင့် အမှုအခင်းများ ဆုံးဖြတ်ရာ၌ အဆောတလျင် မဆုံးဖြတ်သင့်ဘဲ သက်သေသက္ကာယအထောက်အထားခိုင်မာစွာရရှိမှ ဓမ္မ၀ိနယများ၊လုပ်ထုံးလုပ်နည်း ဒေသပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် တွက်ချက်စဉ်းစားပြီး ရှုထောင့်စုံမှ ဝေဖန်သုံးသပ် ဆုံးဖြတ်ရန် လိုအပ်ကြောင်း မဟနဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။
 လေးလတစ်ကြိမ် ကျင်းပ သော မဟန၏ ၄၇ ပါး စုံညီ အ စည်းအဝေးကို ယခုလ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယက (မဟန) ၄၇ ပါးစုံညီအစည်းအဝေး ပထမနေ့၌ ကျောင်းထိုင်တင် မြှောက်ခြင်း၊ ဂေါပကအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းခြင်း၊ ဓမ္မာရုံကိစ္စ များနှင့် အခြားသာသနာတော် ကိစ္စရပ်များကို အထူးအလေးပေး ဆွေးနွေးနေကြောင်း သတင်းရရှိ သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment