Thursday, July 14, 2016

အီလက်ထရွန်နစ်ထီကို ထီဥပဒေ အတည်ပြုပြီးချိန်တွင် တင်ဒါခေါ်ယူပြီး အကောင်အထည်ဖော်မည်

အီလက်ထရွန်နစ် ထီဖွင့်လှစ်ပါက အမြင့်ဆုံးပေါက်မဲပေါက်သူမရှိလျှင် ဆုငွေကို ဆတိုးပေါင်းထည့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိ ထီလက်မှတ်စနစ် တွင် အမြင့်ဆုံးပေါက်မဲကိုတစ်ဦး တစ်ယောက်ကသာ ရွေးချယ်ပြီးယင်းဆုကြေးငွေကို ထုတ်ယူခြင်းမရှိပါက သတ်မှတ်ကာလအတွင်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသော်လည်း အီလက်ထရွန်နစ်ထီတွင်မူ အမြင့်ဆုံးဆုမဲ၏ ပေါက်ဂဏန်းကို တစ်ဦးတစ်ယောက်မက ရွေးချယ်ခွင့်ရှိကာ ပေါက်မဲကို ကံစမ်းထားသူ မရှိပါက နောက်တစ်ကြိမ်တွင် ဆုကြေးငွေဆတိုးထည့်၍ ခံစားခွင့်ပေးနိုင်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
‘‘E-lottery စနစ်ရဲ့ အား သာချက်ကတော့ အများကြီးပဲ။ ပေါက်တဲ့သူမရှိမချင်းကတော့ ဆု ကြေးငွေတွေ တိုးနေမှာပဲ။ ပေါက် မဲက တစ်ဦးထက် ပိုနေရင်တော့ ဆုငွေခွဲယူရမှာပေါ့။ ဒီစနစ်က လက်ရှိနိုင်ငံတကာမှာလည်း ကျင့် သုံးနေကြတာ’’ဟု ဦးမင်းထွဋ်က ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနသည် မြန်မာနိုင်ငံ၌ပထမ ဆုံးဖြစ်လာမည့် အီလက်ထရွန်နစ် ထီဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ပြီးခဲ့ သည့် အစိုးရလက်ထက်ကတည်း  က လျာထားခဲ့ပြီး ထီဥပဒေကိုလွှတ်တော်၌ အတည်မပြုနိုင်သေးခြင်းကြောင့် ယင်းစနစ်စတင်ရန် ကြန့်ကြာနေခြင်း ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ထီဥပဒေအသစ်ကို လွှတ်တော်၌ တင်သွင်းနိုင်ရန် ပြင်ဆင်နေပြီး ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက ပြည်ပမှ အီလက်ထရွန်နစ်ထီ လုပ်ငန်းကျွမ်းကျင်သူကို ငှားရမ်းကာ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးစတင်မည်ဟု ဆိုသည်။
 အီလက်ထရွန်နစ်ထီလုပ် ငန်းအတွက် လက်ရှိအချိန်တွင် ပြည်ပမှလာရောက် ကမ်းလှမ်းမိတ်ဆက်မှုများရှိနေသော်လည်း တရားဝင် တင်ဒါခေါ်ယူပြီးမှသာ အတည်ပြုရွေးချယ်မည်ဟု ဦးမင်းထွဋ်က ပြောသည်။
‘‘ဖက်စပ်လုပ်မလား၊ သီး ခြားလုပ်ဖြစ်မလားဆိုတာ အစိုးရ အဖွဲ့က ဆုံးဖြတ်လိမ့်မယ်။ အခု အချိန်ကတော့ ပြောဖို့စောသေး တယ်။ အဲဒါလုပ်ဖြစ်ခဲ့ရင်လည်း လက်ရှိထီစနစ်က ဖျက်လိုက်မှာ မဟုတ်ဘူး။ ထီထိုးမယ့်သူတွေ ကြိုက်တာရွေးချယ်ပြီး ထိုးနိုင်မယ့် အခွင့်အလမ်းရှိလာမှာပါ’’ဟု ၎င်း က ပြောသည်။
ယခုနှစ်အတွင်း အီလက်ထ ရွန်နစ် ထီစနစ်ကျင့်သုံးနိုင်ဦးမည် မဟုတ်သော်လည်း ကျပ်သိန်းတစ် သောင်းအထိ အမြင့်ဆုံးဆုအဖြစ် ပေးအပ်မည့် ထီလက်မှတ်တစ် မျိုးကိုမူ ယခုနှစ်အတွင်းဖွင့်လှစ် နိုင်မည်ဟု သတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment