Thursday, July 14, 2016

အငြင်းပွားတောင်တရုတ်ပင်လယ်သို့ ထိုင်ဝမ်စစ်သင်္ဘောစေလွှတ်

တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံ ရှေးဟောင်းရေကြောင်း မြေပုံအရ ပိုင်ဆိုင်သည်မှာဥပဒေ ကြောင်းအရ တရားမဝင်ကြောင်း ဇူလိုင် ၁၂ရက်တွင် နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ချက်ခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံ က ရေကြောင်း နယ်မြေ ကာကွယ်ရန် ဇူလိုင် ၁၃ ရက်တွင် ရေတပ်စစ် သင်္ဘော စေလွှတ်ခဲ့သည်။

ထိုင်ဝမ် Kaohsiung မြို့ တောင်ပိုင်းရှိစမအေူပ ကျွန်းကို နိုင်ငံ တကာရေကြောင်းစီးပွားရေးဇုန်အ တွင်း ပိုင်ဆိုင်မှုအငြင်းပွားနေခြင်း တွင် ထိုင်ဝမ်ကိုချန်လှပ်ထား၍မရ ကြောင်း၊ တောင်တရုတ်ပင်လယ် အရေးတွင် ခုံသမာဓိအဖွဲ့က ထိုင် ဝမ်ကိုတရားဝင်ဖိတ်ကြားခြင်း မရှိ ခြင်းကြောင့် ထိုင်ဝမ်ပိုင်နက်နှင့်အ ချုပ်အခြာအာဏာကို ကာကွယ်ရန် သံန္နိဋ္ဌာန်ချထားကြောင်း ထိုင်ဝမ် သမ္မတ Tsai Ingwen က ထိုင်ဝမ် ရေတပ်သင်္ဘောပေါ်တွင် ပြောကြား ခဲ့သည်။
ရေကြောင်းကာကွယ်ရေး ကင်း လှည့်စစ်ဆင်ရေးသည် ထိုင်ဝမ်နိုင်ငံ ၏အခွင့်အရေးကို ကာကွယ်ရန်ထိုင် ဝမ်ပြည်သူများ ဆုံးဖြတ်ထားသည် ကိုပြသခြင်းဖြစ်ကြောင်း ရေတပ်စစ် သင်္ဘောမထွက်ခွာခင် Tsai Ingwen ကပြောသည်။ ထိုင်ဝမ်အမျိုး သားလုံခြုံရေးအတွက် ကင်းလှည့် စစ်သင်္ဘောများ၊ လေတပ်လေယာဉ် များထပ်မံစေလွှတ်မည်ဟု သူမက ဆိုသည်။ တောင်တရုတ်ပင်လယ် တွင် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော Taiping ကွင်းသည် ကျောက်ဆောင် တစ်ခုမဟုတ်ကြောင်း Spratlys သန္တာကျောက်တန်းကျွန်းစုကို တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့က ပိုင်ဆိုင်မှုအငြင်းပွား နေသော်လည်း ထိုင်ဝမ်ရေပိုင်နက် အတွင်းတွင်ရှိသဖြင့် ထိုင်ဝမ်နိုင်ငံ ၏အမြင်ကို အလေးထားရန်လိုအပ် ကြောင်း၊ အဆိုပါကျွန်းကိုစီးပွားရေး ဇုန်အတွင်းသို့ ထည့်သွင်းခြင်းကို ထိုင်ဝမ်က လုံးဝလက်မခံကြောင်း ထိုင်ဝမ်သမ္မတကပြောသည်။
Credit To >>> Democracy Today

0 comments:

Post a Comment