CB ဘဏ်အနေဖြင့် ပြည်တွင်းတွင် MPU Credit Card အဖြစ် သုံးစွဲနိုင်ပြီး ပြည်ပ၌ UnionPay Credit Card အဖြစ်သုံးစွဲနိုင်သည့် နှစ်မျိုးသုံး အကြွေးဝယ်ကတ် အမျိုးအစားကို ထုတ်ဝေနိုင်ပြီဖြစ်ကြောင်း CB Co-Branded Credit Card (MPU-UPI) မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။
MPU UnionPay Credit Card ကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတကာ အကြွေးဝယ်ကတ်အဖြစ် သမဝါယမဘဏ် (CB Bank Ltd)မှ ထုတ်ပေးခဲ့ပြီး ပြည်တွင်းဘဏ် ၂၃ ဘဏ်ဖြင့် ဖွဲ့စည်းထားသော MPU ကွန်ရက်တွင် ATM စက်ပေါင်း ၁၈ဝဝ၊ POS ၅ဝဝဝ တို့နှင့် ချိတ်ဆက်ထားကာ ကတ်ကိုင်ဆောင်သူများ အနေဖြင့် မြန်မာနိုင်ငံတွင်သာမက နိုင်ငံပေါင်း ၁၅၇ နိုင်ငံတွင် ငွေသွင်း ငွေထုတ်ကိစ္စရပ်များကို လုံခြုံမှုရှိပြီး အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု သိရသည်။
''UnionPay International Co., Ltd. က CB ဘဏ်နဲ့ ၂ဝ၁၂ ခုနှစ်က စပြီး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာနည်းပညာ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး UnionPay အမှတ်တံဆိပ်ကို လက်ခံဆောင်ရွက်နိုင်တဲ့ Merchant ပေါင်း ၃၄ သန်းရှိပြီး ငွေသားထုတ်ယူနိုင်တဲ့ ATM ပေါင်း နှစ်သန်းရှိပြီးဖြစ်ပါတယ်။ ကတ်ကိုင်ဆောင်သူပေါင်း ကလည်း ၅ ဒသမ ၄ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်'' ဟု CB ဘဏ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးကျော်လင်း က အဖွင့်အမှာစကားပြောကြားသည်။
CB ဘဏ်အနေဖြင့်လည်း ATM စက်ပေါင်း ၄၅ လုံးနှင့် POS ၂၆ဝဝ တပ်ဆင်ထားပြီးဖြစ်ပြီး ကတ်ကိုင်ဆောင်သူများ အဆင်ပြေစေရန် ထပ်မံတိုးချဲ့ တပ်ဆင်သွားမည်ဟု သိရသည်။ ATM စက်များတွင် ငွေသားထုတ်ယူခြင်း၊ POS စက်တပ်ဆင်ထားသော Merchant များတွင် ဈေးဝယ်ခြင်း၊ Online မှ ငွေပေးချေခြင်းများကို ပြည်တွင်း ပြည်ပတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဟု သိရသည်။
ကတ်အမျိုးအစား အနေဖြင့် Platinum Card ၊ Gold Card ၊ Classic Card အမျိုးအစားသုံးမျိုး ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment