AYA Myanmar Insurance နှင့် Sompo Japan Nipponkoa Insurance Inc တို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၈ ရက်က Novotel Yangon Max ဟိုတယ် ပုသိမ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi ၊ ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ၊ Sompo Japan Nipponkoa Insurance Inc မှ တာဝန်ရှိသူများ တတ်ရောက်ကြသည်။
အခမ်းအနားတွင် Sompo Japan Holding မှ Managing Executive Officer ဖြစ်သူ Mr. Nubuhiro Kojima က လက်မှတ်ရေးထိုးရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး ဧရာမြန်မာအာမခံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းသူက'' ဘဏ်လုပ်ငန်းတွေကနေ ငွေသားလုံခြုံမှု ပေးတယ်။ ဒါပေမယ့် အာမခံလုပ်ငန်းကတော့ မမျှော်လင့်ဘဲ ဆုံးရူံးမှုတွေအားလုံးကို လုံခြုံစေပါတယ်။ အစိုးရသစ် အပြောင်းအလဲကာလမှာ အာမခံလုပ်ငန်း ဖွံ့ဖြိုးလာဖို့ဆို တာ ကျွန်တော်တို့ အာမခံလုပ်ငန်းတစ်ခုတည်း မဟုတ်ဘဲ မြန်မာ့အာမခံ၊ တခြားအာမခံလုပ်ငန်းတွေအတွက်ပါ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာမခံ လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ လိုအပ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းကနေ အာမခံလုပ်ငန်းဖွံဖြိုးဖို့ အဓိက ကျတဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းကို မြှင့်တင်နိုင်မယ့် သင်တန်းတွေ ပေးအပ်လာနိုင်မယ်။ ပြည်သူလူထုကိုလည်း အာမခံနဲ့ ပတ်သက်တဲ့ အမြင်သစ်တွေကို ချပြနိုင်အောင် ဆောင်ရွက်သွားမှာပါ''ဟု ၎င်းက ပူးပေါင်းမှုဆိုင်ရာ အကျိုးရလဒ်များကိုပြောသည်။
ထို့နောက် တာဝန်ရှိသူများက နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး AYA Myanmar Insurance ၏ ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယခုကဲ့သို့ ပြည်ပအာမခံကုမ္ပဏီနှင့် ပူးပေါင်းမှု သည် အာမခံလောကတွင် ဧရာမြန်မာအာမခံမှ ပထမဦး ဆုံးအကြိမ်ဖြစ်သည်။ အသိပညာများ၊ လူ့စွမ်းအားအရင်းအမြစ်များ၊သတင်းအချက်အလက်များ ပူးပေါင်းဖလှယ်ပြီး အာမခံလုပ်ငန်းတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment