Friday, June 17, 2016

ဒလိုင်းလားမားနဲ့အိုဘားမားတွေ့ဆုံမှုအပြီး အမေရိကန်ကို တရုတ်သတိပေး



အမေရိကန်သမ္မတဘားရတ်အိုဘားမားနဲ့တိဘက်ဘုန်းတော်ကြီး
ဒလိုင်းလားမားတို့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ပြီး နောက်မှာတော့ တိဘက်
အရေးကိုအသုံးချပြီး ပြည်တွင်းရေးကိစ္စတွေဝင်ရောက်စွက်ဖက်တာမျိုးဆက်
မလုပ်ဖို့ အမေရိကန်ကို တရုတ်က ဇွန်လ(၁၆)ရက်နေ့မှာသတိပေးပြောကြား
လိုက်ပါတယ်။

အရှေ့အာရှကနယ်မြေပိုင်နက် အငြင်းပွားမှုတွေနဲ့ပတ်
သက်ပြီး တရုတ်နဲ့အမေရိကန်တို့ကြားဆက်ဆံရေးတင်းမာနေတဲ့အချိန်
အိုဘားမားနဲ့ ဒလိုင်းလားမားတို့ ဇွန်လ(၁၅)ရက်နေ့ကတွေ့ဆုံခဲ့ကြတာပါ။
နေ့စဉ်ပြုလုပ်နေကျသတင်းစာရှင်းလင်းပွဲတစ်ခုမှာ တရုတ် နိုင်ငံခြားရေး
ဝန်ကြီးဌာနပြောခွင့်ရသူ Lu Kang(လူခါန်း)က တရုတ်ပြည်တွင်းရေးကိစ္စ
ကြားဝင်စွက်ဖက်မှုတွေမလုပ်ဖို့ အမေရိကန်ကို တိုက်တွန်းပြောကြား
လိုက်တာပါ။တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လူမျိုးစုစည်းလုံးညီညွတ်ရေး
ကိုတရုတ်ကအပြည့်အ၀ကာကွယ်သွားမှာဖြစ်တယ်လို့လည်း Lu Kang
(လူခါန်း)က ထပ်လောင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက အန္တရာယ်ရှိတဲ့
ခွဲထွက်ရေးသမားအဖြစ်မှတ်ယူတဲ့ တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား
နဲ့သမ္မတအိုဘားမားတို့ဟာ အိမ်ဖြူတော်မှာလေးကြိမ်မြောက်တွေ့ဆုံခဲ့
တာဖြစ်ပြီး အခြားကမ္ဘာ့ခေါင်းဆောင်တွေကိုပုံမှန်တွေ့ဆုံလေ့ရှိတဲ့ Oval Office(ဘဲဥပုံရုံးခန်း)မှာတွေ့ဆုံရမယ့်အစား အိမ်ဖြူတော်နေအိမ်
မှာတွေ့ဆုံခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရသိရပါတယ်။

Credit To >>> Central News Bureau

0 comments:

Post a Comment