Friday, June 17, 2016

ကွန်ဒိုဥပဒေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ


လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်း မကြာသေးမီက
ထုတ်ပြန်ကြေညာခဲ့တဲ့ ကွန်ဒိုဥပဒေကြောင့် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာပြီး အိမ်ခြံမြေ၊ ရုံးခန်းများအတွက်
အရောင်း၊ အငှားများ ပိုမိုကောင်းမွန်လာတယ်လို့ အွန်လိုင်း
အိမ်ခြံမြေ ရောင်းဝယ်ရေးဝက်ဆိုက် House.com.mm က
သိရပါတယ်။

“ရန်ကုန်မြို့ရဲ့ စီးပွားရေးအချက်အချာကြသောနေရာတွေကို
ပိုမိုစိတ်ဝင်စားလာကြတယ်။ နောက်ပြီး စီးပွားရေး ဆိုင်ရာ
ရုံးခန်းတွေကလည်း လူနေအိမ်တွေထက်ပိုမိုတန်ဖိုးမြင့်လာတယ်။
ရန်ကုန်မြို့တွင်း အိမ်ယာ ရုံးခန်းများ ငှားရမ်း မှုက
ဝယ်ယူမှုထက်ပိုမိုအားကောင်းနေပါတယ်။ မြို့လယ်ခေါင်ရှိ
အိမ်ခြံမြေ ဈေးနှုန်းများမြင့်မားလျက် ရှိတာကြောင့် ၄င်းနဲ့
အနီးတ၀ိုက်ကို စိတ်ဝင်စားမှု ပိုမိုများပြားလာပါတယ်။
နိုင်ငံခြားသားတွေက ကွန်ဒိုတွေကို ပိုစိတ်ဝင်စားမှုရှိတယ်။
Local မှာတော့ကွန်ဒိုနဲ့ လုံးချင်းစိတ်ဝင်စား မှုနှစ်မျိုးရှိနေပါတယ်။
လတ်တလော အခြေအနေမှာတော့ အိမ်အငှားများက
ပိုမိုအားသာပြီး အ၀ယ်ကတော့ ဖြည်းဖြည်းချင်း လိုက်လာပါတယ်”
လို့ ထက်အောင်ရှိုင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ
မန်နေဂျင်း ဒါရိုက်တာ ဦးအောင်စိုးက ပြောပါတယ်။
Facilities စုံလင်စွာပါရှိတဲ့ အဆင့်မြင့်အိမ်ရာအငှားဈေးကွက်ကို
နိုင်ငံခြားသားများအနေနဲ့ ပိုမို စိတ်ဝင်စားကြပြီး နောက်ပိုင်းမှာ
လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပါက မြို့စွန်ရှိ အိမ်ရာ
စီမံကိန်းများမှာလည်း လူနေမှု ပိုမို အားကောင်းလာနိုင်တယ်လို့
အိမ်ခြံမြေလုပ်ငန်းများက သုံးသပ်ပါတယ်။
“ ဝယ်ယူသူတွေအနေကတော့ နေဖို့ကော ရင်းနှီးမြုပ်နှံမှုအတွက်ကော
ဝယ်ယူ တာတွေရှိပါတယ်။ နိုင်ငံခြားသား များကတော့
များသောအားဖြင့် သိန်း (၂၀) ဝန်းကျင်ရှိကွန်ဒိုအငှားများကို
ငှားရမ်းကြပါတယ်။ အငှားအတွက် ဆိုရင် ကွန်ဒိုတိုက်ခန်းတွေကို
ပိုမိုကြိုက်နှစ်သက်ကြပါတယ်။ အကြောင်း ကတော့
Supermarket ၊ School Security အစရှိသည်တို့
အပြည့်အစုံပါတာကို ပိုမိုစိတ်ဝင်စား ကြလို့ဖြစ်ပါတယ်။ “
လို့ YPF Agent မှ မန်နေဂျင်းဒါရိုက်တာ မမေမြတ်သူက
ပြောပါတယ်။
လက်ရှိဈေးကွက်အတွင်း မြို့တွင်းဧရိယာများ၊ ဗဟန်း၊ ကြည်မြင်တိုင်၊
အလုံနဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ပိုင်းနေရာများမှာ Demand
များပြားနေပြီး ဈေးနှုန်းများလည်း မြင့်မားလျက်ရှိပါတယ်။
အစိုးရသစ်အနေနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်
လာမှုများကလည်း အိမ်ခြံမြေဈေးကွက်အတွက် ကောင်းမွန်သော
တွန်းအားတစ်ခု ဖြစ်စေတယ်လို့ House.com.mm မှ
တာဝန်ရှိသူတွေက ပြောပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment