Friday, June 10, 2016

ပုဂံယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး


ဗန်ကောက်မြို့ရှိ ယူနက်စကိုဌာနေ ကိုယ်စားလှယ်ရုံးမှ ဌာနအကြီးအကဲဖြစ်သူ Dr. Duong Bich Hanh သည် ယနေ့ မွန်းလွဲပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ ယူနက်စကို ကွန်ဗင်းရှင်းများဖြစ်သည့် မူလပိုင်ရှင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များအား တရားမဝင်၊ တင်သွင်းတင်ပို့မှုနှင့် လွှဲပြောင်းမှု တားဆီးကာကွယ်ရေးကွန်ဗင်းရှင်း-၁၉၇ဝ(1970, Convention on the Means of Prohibiting and Preventing the Illicit Import , Export and Transfer of Ownership of Cultural Property)၊ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ အား ကာကွယ်ထိန်းသိမ်းရေးကွန်ဗင်းရှင်း- ၁၉၇၂(1972, Convention on the Protection of the World Cultural and Natural Heritage)နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက် ရေးကွန်ဗင်းရှင်း-၂ဝဝ၃ ( 2003, Convention for the Safeguarding of the Intangible Cultural Heritage) တို့တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်၍ ကျန်ရှိနေသည့် (၂ဝဝ၅) ကွန်ဗင်းရှင်းဖြစ်သည့် မတူညီကွဲပြားသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများ ကာကွယ်ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေး(2005, Convention on the Protection and Promotion of the Diversity of Cultural Expression)သို့ လက်မှတ်ရေးထိုးရေး၊ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ယူနက် စကိုမှ ပညာရှင်များ၊ နည်းပညာပံ့ပိုးကူညီမှုများ၊ ငွေကြေးပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်သွား ရေးတို့ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment