Sunday, June 30, 2013

ရန်ကုန်မြို့ စည်ပင်နယ်နိမိတ် အတွင်း၌ ကြော်ငြာဆိုင်းဘုတ်ကြီး ၄ဝဝ ပြန်လည် စိုက်ထူမည်


 


ရန်ကုန် ဇွန် ၂၉

ရန်ကုန်တိုင်း ဒေသကြီးတွင် တရားဝင် ခွင့်ပြုချက် မရသော ကြော်ငြာ ဆိုင်းဘုတ်ကြီးများ၊ ခွင့်ပြုချက် ရသော်လည်း သတ်မှတ်ကာလ ကျော်လွန်နေပြီ ဖြစ်သော ဆိုင်းဘုတ်ကြီးများကို ရန်ကုန်မြို့ေ တာ် စည်ပင် သာယာရေး ကော်မတီ

အင်ဂျင်နီယာဌာန (လမ်း/တံတား)မှ သက်ဆိုင်ရာ လုပ်ငန်းရှင်များ ထံသို့ အကြောင်းကြားစာများ ပေးပို့ပြီးနောက် သုံးလကျော် အကြာ စောင့်ဆိုင်း ခဲ့သော်လည်း လာရောက် ဖြုတ်သိမ်းခြင်း မရှိေ သာ ဆိုင်းဘုတ်များကို အင်ဂျင်နီယာ ဌာန (လမ်း/တံတား)ကပင် လိုက်လံဖြုတ်သိမ်း ရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဖြုတ်သိမ်းပြီးနောက် ယခုအခါ ရန်ကုန်မြို့တော် စည်ပင် သာ ယာရေး နယ်နိမိတ် အတွင်းရှိ သတ်မှတ်ထားသော နေရာများတွင် ကြော်ငြာ ဆိုင်းဘုတ်ကြီး ၄ဝဝ ကို စနစ်တကျ ပြန်လည်စိုက်ထူကာ လုပ်ငန်းရှင်များကို ကြော်ငြာခွင့် ပြုသွားမည်ဖြစ်ပြီး ထို သို့ ကြော်ငြာနိုင်ရန် မြို့တော်စည်ပင်၏ တရားဝင် ခွင့်ပြုချက်ကို ရယူကြရမည်ဟု သိရသည်။ ပြန်လည်စိုက်ထူမည့် အဆိုပါ ဆိုင်းဘုတ်ကြီး ၄ဝဝ တွင်အလျား ၄၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့်၈ မီတာ ရှိ ဆိုင်းဘုတ်ကြီး ၃ဝဝ နှင့်အလျား ၃၃ ပေ၊ အနံ ၉ ပေ၊ အမြင့် ၆ မီတာရှိ ဆိုင်းဘုတ်ကြီး ၁ဝဝ တို့ ပါဝင်သည်။ ယခုအခါ ထိုဆိုင်းဘုတ်ကြီး များကို ပြန်လည်စိုက်ထူ တပ်ဆင်ရန် ကန်ထရိုက် ရရှိ ထားသော 'စင်းဂါး' ဆောက်လုပ်ရေးက ဆိုင်းဘုတ် ကြီးများအား လိုက်လံ တပ်ဆင်လျက် ရှိသည်ကို တွေ့ရသည်။ အဆိုပါ ဆိုင်းဘုတ်များ စိုက်ထူရန် ကရိန်းကားများ ငှားရမ်းလိုပါက ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီရုံးရှိ အင်ဂျင်နီယာ (လမ်း/တံတား) ဌာနသို့ လာရောက်ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ ဆောင်းဦး

0 comments:

Post a Comment