ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျွဲတဲကုန်းကျေးရွာအုပ်စုပိုင် ဒေါင့်ကြီးကျေးရွာနှင့် ရေကူးစုကျေးရွာတို့တွင် ဇွန် ၁ဝ ရက်မှစပြီး နေ့စဉ် မပြတ်ရွာသောမိုးနှင့် ရွာ၏အထက်ပိုင်းမြင့်သောနေရာများမှ ရေများဝင်ရောက်လာ
ယမန်နှစ်ကလည်း ရွာအတွင်း ရေများဝင်ရောက်သော်လည်း ယခုလိုမိုးရာသီအစောပိုင်းတွင် ဝင်ရောက်ခြင်းမဟုတ်ဘဲ မိုးလယ်ပိုင်းမှ ဝင်ရောက်ခြင်းဖြစ်သဖြင့် ပြင်ဆင်ချိန်ရကြောင်း၊ ယခုနှစ်တွင် မထင်မှတ်ဘဲ မိုးဦးတွင်ရေဝင်
ရောက်လာသဖြင့် အခက်အခဲရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။၏
စားသောက်ကုန်ပစ္စည်းများ သယ်ယူရာလမ်းကြောင်းမှာလည်း ရေနစ်မြုပ်လျက်ရှိကြောင်း၊ ရွာများရှိ ကျောင်းသား၊ ကျောင်းသူလေးများမှာလည်း တစ်မိုင်ခွဲခန့်ဝေးသော အ.ထ.က(ခွဲ) သခွတ်ကွင်းသို့သွားရာ အင်ပင်- ကနောင်ကားလမ်းမှာလည်း ရေနစ်မြုပ်နေကြောင်း၊ လမ်းများရေနစ်မြုပ်နေသဖြင့် ကျောင်းသား၊ ကျောင်းသူလေးများကို ဝါးပိုးဝါးဖောင်ဖြင့် ကျောင်းပို့နေရကြောင်း ရွာသား
တစ်ဦးက ပြောသည်။
အလားတူ လေးတူးကျေးရွာမှ ကျောင်းသားလေးများမှာလည်း အ.ထ.က(ခွဲ) သခွတ်ကွင်းသို့ ရေကျော်နေ သောလမ်းမှ စက်ဘီးများကိုတွန်းတစ်လှည့်၊ စီးတစ်လှည့်ဖြင့် သွားနေရသဖြင့် အန္တရာယ်များလျက်ရှိကြောင်း လေးတူးကျေးရွာတွင်နေထိုင်သူတစ်ဦးက ပြောသည်။
မြန်အောင်မြို့နယ် ကျွဲတဲကုန်းအုပ်စုရှိ ဒေါင့်ကြီးကျေးရွာနှင့် ရေကူးစုကျေးရွာ၊ လေးတူးအုပ်စုရှိ လေးတူးကျေးရွာတို့မှာ ရေနစ်မြုပ်နေပြီး အကူအညီများလိုအပ်လျက်ရှိကြောင်း၊ လူမှုရေးအဖွဲ့များမှ လာရောက်လှူဒါန်းခြင်းများရှိနေကြောင်း၊ ကနောင်-အင်ပင်လမ်းမှာလည်း ရေနစ်မြုပ်လျက်ရှိကြောင်း ကနောင်တွင်နေထိုင်သူတစ်ဦးထံမှ သိရသည်။
# The Mirror Daily
0 comments:
Post a Comment