Friday, May 6, 2016

သီလ၀ါရှယ်ယာဂယက်ကြောင့် FMI ရှယ်ယာဈေးကျ ဆင်းနေခြင်းဖြစ်ဟု ဈေးကွက်လေ့လာသူများဆို

ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်အတွင်း သီလ၀ါ အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို ၀ယ်ယူရန် စိတ်ဝင်စားမှု မြင့် တက် နေခြင်းကြောင့် လက်ရှိအရောင်း အ၀ယ်ဖြစ်နေသည့် FMI ရှယ်ယာ ဈေးနှုန်းများ ကျဆင်း လာခြင်းဖြစ် ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း ကိုစောင့်ကြည့်လေ့လာသူများက ပြော သည်။

လက်ရှိ မေ ၃ ရက် FMI ရှယ် ယာတစ်စုလျှင် ကျပ် ၂၉၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သော်လည်း လက်ရှိ မေ ၄ ရက်တွင်
FMI ရှယ် ယာတစ်စုလျှင် ကျပ် ၂၈၅၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ရာ ရှယ်ယာ တစ်စုလျှင် ကျပ် ၅၀၀ ဈေးနှုန်း ထပ်မံ ကျဆင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း စောင့် ကြည့်လေ့လာသူ ဦးဝင်းမင်းက " FMI ရှယ်ယာတွေက စဖွင့်တုန်းကကျပ် ၂၆၀၀၀ နဲ့စပြီး ကျပ် ၄၁၀၀၀ အထိ မြင့်တက်ခဲ့တယ်။ အဲဒီနောက်ပိုင်း သင်္ကြန်ကာလပိတ်ရက်တွေနဲ့ ဆိုတော့ အရောင်းအ၀ယ် ပြန်ဖြစ်တော့ဈေး က ကျပ် ၃၁၀၀၀ လောက် ပဲ ဖြစ်လာ တယ်။ အခုဆိုရင် ၂၉၀၀၀ ပေါ့။ ဒီ နေ့မနက် ဈေးဆိုရင် ကျပ် ၂၈၅၀၀ ဖြစ်သွားတယ်။ နည်းနည်း ထပ်ကျ တယ်။ ကျပ် ၄၁၀၀၀ အမြင့်ဈေး နဲ့ မိထားတဲ့သူတွေက အရောင်းတင် ကြတာတွေလည်း များတဲ့ အတွက် ဈေးတွေ ကထပ်ကျတယ်။ နောက် တစ်ခုကတော့ သီလ၀ါက လည်း ရောင်းတော့မယ်လို့ အသံတွေထွက် နေ တဲ့အတွက် ဈေးက အကျဘက်မှာ ပဲရှိနေဦးမယ် " ဟုဆိုသည်။
ယခုမေလလည်တွင် သီလ၀ါ အများပိုင်ကုမ္ပဏီရှယ်ယာများ စတင်ရောင်းချ မည်ဟု သတင်းထွက် ပေါ်နေပြီး လက်ရှိရောင်းချနေ သည့် FMI ရှယ်ယာ အပေါ်တွင် ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် စောင့်ကြည့် လေ့ လာနေမှု များကြောင့် FMI ရှယ်ယာဈေးနှုန်းများ သိသိသာသာ ကျဆင်း လာခြင်းဖြစ်ကြောင်း သိ ရသည်။
ရှယ်ယာဈေးကွက်လေ့လာသူ ဦးမင်းဇော်က " ပြည်တွင်းမှာစတော့ အိတ်ချိန်းက ပထမဆုံးဖွင့်တာဖြစ် တဲ့အတွက် FMI ရှယ် ယာတွေ စ ရောင်းတဲ့အချိန်မှာ အကုန်လုံးက စမ်းပြီး ၀ယ်ကြတယ်။ အဲဒီအချိန်မှာ ၀ယ်လိုအားမြင့်တဲ့အတွက် ဈေးက အရမ်း တက်သွားတဲ့အချိန်မှာ လူတွေ စိတ်ဝင်စားမှု နည်းသွားပြီး ဈေးပြန် ကျသွားတယ်။ နောက်ပြီးတော့ ဒီလ ထဲမှာ သီလ၀ါ ရှယ်ယာတွေ ထုတ်ရောင်း တော့မယ်ဆိုတော့ လူတွေက FMI ထက် သီလ၀ါကို စောင့်နေကြတဲ့အ တွက် အရောင်းအ ၀ယ်ပါး သွားပြီး ဈေးကအကျဈေးနဲ့ အရောင်းအ၀ယ် ဖြစ်တယ်" ဟု ဆိုသည်။
လက်ရှိ မေလ ၄ ရက်တွင် FMI ရှယ်ယာတစ်စုလျှင် ကျပ် ၂၈၅၀၀ ဖြင့် ရှယ်ယာအရေအတွက် ၈၃၀၁ ခုအရောင်းအ၀ယ် ဖြစ် ခဲ့ရာ စုစုပေါင်းတန်ဖိုး ကျပ် ၂၃၆ သန်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းမှ အ ကြီးတန်း အမှုဆောင်ဒါရိုက်တာ ဦး သက်ထွန်းဦးက " ရှယ်ယာဈေးက မနေ့ကထက်တော့ ကျသွားပေမယ့်။ အကျဈေးနဲ့ဆိုတော့ အ၀ယ်နည်းနည်း ပြန်လိုက်လာတယ်။ အရောင်းအ ၀ယ်ဖြစ်တဲ့ ပမာဏတော့တက်သွား တယ်" ဟု မေ ၄ ရက်က ဒီမိုက ရေစီတူဒေးသတင်းစာကို ပြောသည်။

Credit To >>> Democracy Today

0 comments:

Post a Comment