Friday, May 6, 2016

လေယာဉ်များနှင့် ဒရုန်း မတိုက်မိစေရန် ဥရောပ ဆောင်ရွက်မည်


ဥရောပ လေကြောင်းကာကွယ်ရေး အာဏာပိုင်များက ဒရုန်းများနှင့် ခရီးသည်တင်လေယာဉ်များ ပွတ်ကာသီကာ တိုက်မိမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒရုန်း နှင့် လေယာဉ်ကြား တိုက်မိမှု အန္တရာယ်များကို အလျှင်အမြန်ဖြေရှင်းနိုင်မည့် အစီအစဉ်တစ်ခုကို အလျှင်အမြန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
သဘာဝဘေးအန္တရာယ်များ၊ အပျော်တမ်း ဓါတ်ပုံရိုက်ကူးမှု နှင့် ရဲ ထောက်လှမ်းရေး ကဲ့သို့သော အများပြည်သူသုံး ဒရုန်းများကို အသုံးပြုမှု မြင့်တက်လာပြီး လေယာဉ်ပိုင်းလော့များက ပွတ်ကာသီကာ တိုက်မိမှုများ မြင့်တက်လာကြောင်း ပြောကြားခဲ့ကြသည်။ ပြီးခဲ့သည့်လတွင် ဗြိတိသျှလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ဟီသရိုးလေဆိပ်သို့ ဆင်းသက်ခါနီးတွင် ဒရုန်းနှင့် တိုက်မိခဲ့သည်ဟု သံသယရှိခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သော်လည်း အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

Credit To >>> Democracy Today

0 comments:

Post a Comment