Thursday, May 12, 2016

နိုက်ကလပ်၊ ဘား၊ ကေတီဗီနှင့် အနှိပ်ခန်းများကို အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ခွင့်ပြုတော့မည်ဟုဆို

ရန်ကုန်တိုင်းအတွင်း အရက်ဘားဆိုင်များ၊ နိုက်က လပ်၊ ကေတီဗီနှင့် အနှိပ်ခန်းများ ကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ရန် ညွှန်ကြားထားပြီး မလိုက်နာ ပါက ဖမ်းဆီးအရေးယူမည်ဖြစ် ကြောင်း ဆိုင်ရှင်များအား ခေါ် ယူသတိပေး ပြောကြားထားသည် ဟု သတင်းရရှိသည်။

ညဘက် ဖွင့်လှစ်သည့် အရက်ဘားဆိုင်များနှင့် ကေတီဗီ ဆိုင်အချို့မှ ဆိုင်ရှင်များကို မေလ ၁၀ ရက်ညတွင် ခေါ်ယူ တွေ့ဆုံပြီး သက်ဆိုင်ရာ မြို့နယ် မှူးများက သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ရောင်းချရန် ပြောကြား ကြောင်း ဆိုင်ရှင်တစ်ဦးက ပြော ဆိုသည်။
‘‘အရင်စီမံချက်တွေရှိတုန်း ကလည်း ဆိုင်တွေခဏတော့ ပိတ်ရတယ်။ အခုဟာက ရက်၁၀၀ စီမံချက်ဆိုတော့ သုံးလ လောက် ပိတ်ရမယ်ဖြစ်နေပြီ။ ဘီယာဘား၊ ကေတီဗီ၊ အနှိပ်ခန်း၊ ကလပ်ဆိုတာတွေက မိုးချုပ်မှ လာကြတာ။ အခုလိုပုံစံနဲ့ဆိုရင်တော့ ကျွန်တော်တို့လည်း အဆင်မပြေဘူး။ တစ်လကို ဝန်ထမ်းစရိတ်အပြင် ဂါရဝကြေးတွေလည်း ပေးထားရ တာတွေရှိတယ်’’ဟုဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းအတွင်း ရဲတပ် ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ အပေါ် အကြမ်းဖက်တိုက်ခိုက်နေ သည့် ရာဇဝတ်ဂိုဏ်းများကို ဖယ် ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး ရက် ၁၀၀ စီမံချက် ဆွေးနွေးပွဲ၌ ပြောကြားပြီးနောက် အဆိုပါညတွင် ဆိုင်ရှင်အချို့အား ခေါ်ယူပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ဆိုင်ကိုတော့ ည ၁၁ နာရီအထိ ဖွင့်ဖို့ပြောထား တာရှိတယ်။ အခုကလေးတွေကို ဆိုင်ပိတ်ပြီး ချောင်းသာခရီးသုံး ရက်ပို့ပေးထားတယ်။ အရင် လည်း စီမံချက်ကာလဆို အခုလို ပိတ်ခိုင်းတာတွေ ရှိပါတယ်။ တစ် ပတ်၊ နှစ်ပတ်ကျတော့လည်း အ ရင်လိုပဲ ပြန်ဖွင့်တယ်။ အရက် ဆိုင်တွေထဲမှာတော့ ၁၉ လမ်းက ဆိုင်တွေ ဘယ်လိုပိတ်ခိုင်းမလဲဆို တာကြည့်ရမှာပေါ့’’ဟု အလုံမြို့ နယ်တွင် အရက်ဘားဆိုင်ဖွင့်လှစ် ရောင်းချသူတစ်ဦးက ပြောသည်။
‘‘ဒီလိုမျိုးပိတ်လိုက်တာ ကျွန် တော်တို့ စီးပွားရေးအရမ်းထိခိုက် တာပေါ့။ ကျွန်တော်တို့က ည ဘက်ပဲ အလုပ်လုပ်နေရတာလေ။ ဒါနဲ့ပဲ စီးပွားရှာနေရတာလေ။ ၀န် ထမ်းတွေအတွက်လည်း ထိခိုက် တယ်။ ည ၁၁ နာရီပိတ်ရမယ်ဆို ရင် ၀န်ထမ်းတွေက တက္ကစီနဲ့ ပြန် ရတော့မယ်လေ။ ကျွန်တော်တို့ ဖြစ်စေချင်တာတော့ အများကြီးမ ဟုတ်တောင် ည ၂ နာရီလောက် ထိတိုးပေးရင် နည်းနည်းအဆင် ပြေတာပေါ့ဗျာ။ ၁၁ နာရီထိဆိုရင် လုံးဝအဆင်မပြေနိုင်ဘူး။ နိုင်ငံ ခြားသားတွေကလည်း သူတို့နေ့ ဘက်အလုပ်တွေလုပ်ပြီး ညဘက် မှာ သူငယ်ချင်းတွေနဲ့ ဆုံချင်တယ် ဆိုရင်လည်း လာကြတာပဲလေ။ သူတို့အတွက်လည်း အဆင်မပြေ ဘူးပေါ့’’ဟု ကလပ်မန်နေဂျာတစ်ဦးက ပြောသည်။
 ‘‘ရာဇ၀တ်မှုတွေကို   ပ ပျောက်စေဖို့ အချိန်အပိုင်းအခြား တစ်ခုနဲ့  စီမံကိန်းတစ်ခု  လုပ် ဆောင်မယ့်သဘောလို့ သုံးသပ် ပါတယ်။ အဲဒီသဘောဆိုရင်တော့ ကြိုဆိုပါတယ်။ ရာဇ၀တ်မှုတွေ မြင့်တက်နေတာကို အရင်အစိုးရ က မထိန်းချုပ်နိုင်ဘူး။ ပြည်သူလူ ထုအတွက် အားနည်းပြီးတော့ နေခဲ့ရတဲ့ သဘောတွေ ရှိတယ် လေ။ အဲဒီကဏ္ဍအတွက် လုပ် ဆောင်တယ်လို့ ထင်ပါတယ်။ ခရီးသွားတွေအတွက် အနှောင့်အ ယှက်ဆိုတာတော့ မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံခြားသားတွေက နေ့ ဘက်မှာ လှည့်လည်ရတာပင်ပန်း လို့ ညဘက်တွေဆို အိပ်ပျော်ကြ တာများတယ်လေ။ မြန်မာနိုင်ငံ မှာနေပြီး အလုပ်လုပ်နေတဲ့ နိုင်ငံ ခြားသားတွေကျ သူတို့ရဲ့ညဘက် အင်တာတိန်းမန့်မှာတော့ နည်း နည်းလေးပြဿနာရှိတယ်လို့ ယူ ဆပါတယ်’’ဟု မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအသင်းဝင် Natural Dream ခရီးသွားဝန် ဆောင်မှု လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment