Thursday, May 12, 2016

ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်သော်လည်း မြန်မာသို့ မ၀င်နိုင်ဟု ဒေါက်တာထွန်းလွင် ခန့်မှန်း

ဘင်္ဂလားပင်လယ်အော် ရှိ လေဖိအားနည်းရပ်ဝန်းသည် မေလ ၂၁ ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိသွား နိုင်ပြီး မူလလမ်းကြောင်းအရ မြန် မာနိုင်ငံဘက်သို့ ဦးတည်လာနိုင် သော်လည်း နောက်ပိုင်း၌ မြန် မာ့ကမ်းရိုးတန်းမှ ဝေးရာသို့ ရွေ့ သွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဘင်္ဂလားပင် လယ်အော်အနောက်တောင်ပိုင်း ၌ လေဖိအားနည်း ရပ်ဝန်းဖြစ် ပေါ်နေပြီး ပိုမိုအားကောင်းလာ နေကာ မေလ ၁၉ ရက်တွင် မုန် တိုင်းငယ် (Depression)အဖြစ် သို့လည်းကောင်း၊ မေလ ၂၀ ရက် တွင် အပူပိုင်းမုန်တိုင်း (Tropical Storm)အဖြစ်သို့လည်းကောင်း၊ မေလ ၂၁ ရက်တွင် ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက် ရှိလာပြီးနောက် ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းအတွင်းသို့ ရောက်ရှိလာနိုင် ကြောင်း မုန်တိုင်းလမ်းကြောင်းရှင်းပြထားသည်။
မေလ ၂၂ ရက်တွင် ရွေ့ လျားရာလမ်းကြောင်းမှ နောက် ပြန်လှည့်ကာ မြန်မာ့ကမ်းရိုးတန်း နှင့် ဝေးရာ အနောက်တောင်ဘက် ဆီကို ပြန်လည်ရွေ့လျားသွားပြီး အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိသွား နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ်မကျရောက် နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် သတင်းထုတ်ပြန် သည်။  
အဆိုပါမုန်တိုင်းကို စောင့် ကြည့်၍ သတင်းထုတ်ပြန်မည် ဖြစ်ပြီး ပြည်သူများ အနေဖြင့် လည်း မုန်တိုင်းသတိပေးချက်များ ကို အချိန်နှင့်တစ်ပြေးညီ ဂရုစိုက် ကြရန် ဒေါက်တာထွန်းလွင်က အကြံပြုထားသည်။
ယင်းမုန်တိုင်းသည် ၂၀၁၆ အတွင်း ဘင်္ဂလားပင်လယ်အော် တွင် ပထမဆုံးဖြစ်လာသည့် မုန် တိုင်းဖြစ်ကာ လူထုက မုန်တိုင်း ဘေး စိတ်ဝင်စားနေချိန်၌ လူမှု ကွန်ရက်ပေါ်တွင် ပုံမှန်ထက်လွန်ကဲသည့် မုန်တိုင်းအန္တရာယ်သတိ ပေးချက်များရှိနေပြီး ဒေါက်တာ ထွန်းလွင်က တာဝန်ရှိသူများ၏ သတင်းထုတ်ပြန်မှုများကိုသာ ဂရုတစိုက် စောင့်ကြည့်နားထောင် ရန် အကြံပြုထားသည်။
Credit To  >>> 7 Day Daily

0 comments:

Post a Comment