Thursday, May 12, 2016

ခြောက်လခန့် တောက်လျှောက်ကျဆင်းနေသည့် ကန်ထရိုက်လုပ် ငန်းများကြောင့် ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ အေးစက်လျက်ရှိနေ စီးပွားရေး နိုးထမှုမရှိလျှင် ယခုလို သံသရာလည်နေဦးမည်ဟု ဆောက် လုပ်ရေး လုပ်ငန်းသမားများဆို


 ရွေးကောက်ပွဲကာလ မတိုင်ခင် ကပင် ဆောက်လုပ်ရေးလုပ်ငန်းများ တောက်လျှောက် ကျဆင်းလာခဲ့ပြီး ယင်းနှင့် ဆက်စပ်သည့် ဆောက်လုပ် ရေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများလည်း ယခုအ ချိန်အထိပင် အေးစက်လျက် ရှိနေကြောင်း ယင်း လုပ်ငန်း အသိုင်းအ၀ိုင်းများထံမှ သိရသည်။


လက်ရှိအချိန်တွင် ကန်ထရိုက်လုပ်ငန်းအချို့မှာ ၀ယ်လိုအားလျော့ နည်းခြင်း၊ ဈေးကစားခြင်းနှင့် အခြား သောအခက် အခဲအမျိုးမျိုးတို့ကြောင့် ရပ်နား ရလုနီးနီး အခြေအနေတွင်ပင် ရှိနေကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ အားနည်းရသည့်အကြောင်းအရင်း အမျိုးမျိုးရှိနေပြီး ပေါ်ပင်ကန်ထရိုက် လုပ်ငန်းရှင်များနှင့် ဈေးနှုန်း မတန် တဆကြီးမြင့်မှုများကြောင့် အခန်း ၀ယ်ယူသူနည်းပါးခြင်းများ စသည့် အကြောင်းအရာများစွာရှိနေသည့် အတွက် ယင်းကဲ့သို့ ကန်ထရိုက်လုပ် ငန်းများလျော့ကျလာခြင်းဖြစ်ကြောင်း MK Construction Group မှ MD ဦးမြင့်ကြူက မေ ၁၀ ရက်တွင် ပြော သည်။

" ဒီလိုမျိုးအခြေအနေတွေဖြစ် မယ်ဆိုတာကို ၂၀၁၄ လောက်က တည်းကမှန်းပြီးသားပေါ့။ ဘာကြောင့် လဲဆိုတော့ ဒီလုပ်ငန်းကို တစိုက်မတ် မတ်လုပ်ခဲ့တဲ့သူတွေမဟုတ်ဘူး။ ပေါ် ပင်လုပ်ငန်းလိုဝင်တိုးပြီးလုပ်ကြတာ ပေါ့။ အဲဒီလိုလုပ်တဲ့နေရာမှာ ဈေး ကွက်အပြိုင်အဆိုင်နဲ့ အိမ်ရှင်တွေကို ပထမ တစ်ရာဝန်းကျင်လောက်အ လိုက်ပေးတယ်။ နောက်နှစ်ရာ၊ သုံး ရာ၊ နောက် ငါးရာနောက် ဆုံး ငါးရာ အထက် ပုံမှန်နည်းနည်းမြေကျဉ်းတဲ့ နေရာ ပေရှစ်ပေ ငါးပေလောက်ဆို ငါးရာခြောက်ရာလောက်ပေး တယ်။ ဒီထက်ကျယ်တာဆိုရင် ထောင်ဂဏန်း လောက်တွေဖြစ်လာပြီဆိုတော့ ဈေး ကွက်က မကြာခင်ပျက်တော့မယ်။ တန်ရာတန်ကြေးအခန်းတွေရဲ့ တန် ဖိုးလည်းမဟုတ်တော့ဘူး။ ဒါက ပွဲ စားတွေနဲ့ ၀ယ်ရောင်းတွေနဲ့လှုပ်ရှား မှုကြောင့်ဖြစ်လာတာ " ဟု ၎င်း က ဆက်လက်ပြောသည်။

ထို့ပြင် ကန်ထရိုက်လုပ်ငန်းများ တွင် စည်ပင်သာယာ၏ တင်းကျပ် သောစည်းကမ်းများနှင့် ဆောက်လုပ် ခွင့်ပါမစ်ပေးရာတွင် အချိန်ကြန့်ကြာ မှုတို့ကြောင့်လည်း လက်ရှိအချိန်တွင် ကန်ထရိုက်လုပ်ငန်းများ လျော့နည်း သွားရခြင်း အကြောင်းတစ်ရပ်ဖြစ် ကြောင်း ဦးမြင့်ကြူကပြောသည်။

ယင်းအပြင် ကန်ထရိုက်လုပ်ငန်း နယ်ပယ်တွင်အချို့မှာ အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ အမြတ်အစွန်း လိုချင်သောကြောင့် ရင်းနှီးမြှုပ်နှံကြ ပြီး ပြန်လည်ကာ ၀ယ်ရောင်းသဘော မျိုး လုပ်ကိုင်မှုများရှိသည့်အတွက် လည်း ပြိုင်တူလိုမျိုးနှေးသွားခြင်းမျိုး ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်းတွဲ ဖက်အတွင်းရေးမှူး(၁) ဦးအေး လင်းကပြောသည်။

ကန်ထရိုက်လုပ်ငန်းများမှာ ယခင်နှစ်များတွင် လုပ်ကိုင်သူများ ပြားသလို လုပ်ငန်းတွင်ကျယ်ခဲ့သည့် အတွက် ယင်းနှင့်ဆက်စပ်သည့် လုပ် ငန်းများမှာအခြေအနေကောင်းမွန် ခဲ့သော်လည်း ယခုနှစ်တွင်မူ အိမ်ဝယ် လိုအားလိုအပ်ချက်နှင့် ဆောက်လုပ် ရေးလုပ်ငန်းများ အေးစက်နေသည့် အတွက် အဆိုပါလုပ်ငန်းများ ရောင်း အားကျဆင်းနေခြင်းဖြစ်ကြောင်း မြင့်မိုရ်ကျော်-ကြွေပား၊ ကြွေထည်နှင့် ရေချိုးခန်းသုံးပစ္စည်းအမျိုးမျိုး ရောင်း ၀ယ်ရေးလုပ်ငန်းမှသိရသည်။

" ကြီးကြီးမားမားဆောက်လုပ် ရေးလုပ်ငန်းတွေက အားနည်းသွား တဲ့အတွက် ဆက်စပ်နေတဲ့အစ်မတို့ လုပ်ငန်းတွေပါ ကျသွားတဲ့သဘော ပေါ့။ ၀ယ်လိုအားအတိုင်းအတာကွာ တယ်လေ။ ပြီးခဲ့တဲ့တစ်နှစ်လောက် ကတည်းက အရောင်းအ၀ယ်ကနှေး လာတာ။ အမှန်ဆို ဒီအချိန်က ဆောက် လုပ်ရေးရာသီပဲ" ဟု ယင်းလုပ်ငန်းမှ မထိုက်ကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ မှာ နွေရာသီတွင် လုပ်ကိုင်ကြလေ့ရှိ ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏ ရောင်းအားအတက် ဆုံးရာသီမှာ နွေရာသီဖြစ်သော်လည်း ယခုနှစ်တွင်တော့ ရောင်းအားသိသိ သာသာလျော့ကျသွားကြောင်းကို ဖန်တီးရှင် သံထည်ပစ္စည်းအမျိုးမျိုး နှင့်အိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေးမှ တာဝန်ရှိသူမသဉ္ဇာဝင်းက လည်းဆိုသည်။

" ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီ နှစ်ရောင်းအားထက်ဝက်လောက် ကျသွားတယ်။ ဆောက်လုပ်ရေးသမား တွေဘက်ကလည်း တိုက်ခန်းဈေး တွေကျတော့ရပ်ထားတာများတယ်။ အမှန်ဆိုရင် တစ်လပိုင်းကနေ ခြောက် လပိုင်းလောက်က ရောင်းရတဲ့ရာသီ ပါ။ သံချောင်းဈေးတွေကလည်း တက် တယ်။ ဈေးပြန်အကျကို စောင့်နေ တာလည်းပါတာပေါ့။ ပစ္စည်းဈေးတွေ တက်တော့ ရပ်ထားတဲ့သဘောလည်း ရှိတယ်" ဟုဆိုသည်။

ထို့အတူ ဆက်စပ်နေသည့် လုပ် ငန်းတစ်ခုဖြစ်သော အိမ်၊ ခြံ၊ မြေ အ ကျိုးဆောင်လုပ်ငန်းများမှာ လည်း အေး စက်နေကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌဦးသိန်းဦးကပြောသည်။ 

" တိုက်ခန်းတွေ အ၀ယ်နည်း တယ်။ ကန်ထရိုက်တိုက်တွေရော၊ ကွန် ဒိုတွေရောပေါ့။ အ၀ယ်နည်းတယ်။ အ၀ယ်နည်းတဲ့ အတွက် ဈေးကွက် အေးတယ်ပေါ့။ ဒီဟာက လုံးလည် ချာလည်လိုက်နေမှာပဲ။ ဘာပဲပြော ပြော စီးပွားရေးနိုးထမှုမရှိရင် အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်လည်သွက်လက် မှုမရှိရင် ဒီသံသရာကလည်နေမှာ ပဲ" ဟု ဦးသိန်းဦးက ဆက်လက်ပြော သည်။ 

လက်ရှိထိုဖြစ်ရပ်များအတွက် ကောင်းမွန်သောနည်းလမ်းများကို အဖြေရှာကာ အစိုးရတစ်ရပ်အနေ ဖြင့် ဆောင်ရွက်ပေးနိုင်သည့် အငှား အိမ်ရာစီမံကိန်းများကို ဖော်ဆောင် ပေးခြင်းနှင့်ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုး ရေးဘဏ်ကဲ့သို့ အတိုးနှုန်းသက် သာ သောငွေချေး ဘဏ်များကို အကောင် အထည်ဖော်ပေးခြင်းတို့ကို လုပ် ဆောင်ပေးသင့်ကြောင်း ယင်းအသိုင်း အ၀ိုင်းကပင်ဆိုသည်။

" အခုဈေးတွေနဲ့ ဆောက် ရောင်း လုပ်နေတဲ့ ကန်ထရိုက်တာတွေအ နေနဲ့ကျတော့ လက်ရှိမြေဈေးနဲ့ကျ တော့ တစ်ခန်းကိုနှစ်ရာ၊ သုံးရာ၊ လေး ရာလောက်ကျတော့ ဘယ်အောက် ခြေလူတန်းစားကမှ မ၀ယ်နိုင်ဘူး လေ။ အစိုးရက တကယ်လုပ်မယ်ဆို ရင် တန်ဖိုးမျှတတွေလုပ်ပေးနိုင်မယ် ဆိုရင် တစ်မျိုးအဆင်ပြေမယ်ပေါ့။နောက်တစ်ခုက ဆောက်ရောင်း ကန် ထရိုက်တာလေးတွေကို ဒီပရောဂျက် ချေးငွေကို ဘဏ်တွေကနေချည်းပေး ရင်တော့ရတာပေါ့။ အခု ဆောက်လုပ် ရေးနှင့်ဖွံ့ဖြိုးမှုဘဏ်ပဲ နည်းနည်း ချေး ပေးနိုင်တာလေ။ အဲဒါကလည်း ချေး ချင်တဲ့ကန်ထရိုက်တာကများပြီး တော့ ချေးမယ့်ဘဏ်က တစ်ဘဏ် တည်းဆိုတော့ မလောက်ဘူးပေါ့" ဟု ဦးအေးလင်းကပြောသည်။


Credit  To >>> Democracy Today

0 comments:

Post a Comment