Thursday, May 12, 2016

စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံFriedrich Naumann Foundation အဖွဲ့တို့ ပူးပေါင်းကျင်းပသော စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေး ပွဲကို မေ ၁ဝ ရက် နံနက် ၁ဝ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လမ်း(၆ဝ)နှင့် (၆၁)လမ်းကြား ဖိုးရာဇာလမ်းရှိ ကနောင်စက်မှုခန်းမ၌ ပြုလုပ်သည်။
မြန်မာနိုင်ငံသည် တိုးတက်ဟြေင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည်နှင့်အမျှSME လုပ်ငန်းသည်လည်း အချိန်တိုနှင့်ပြောင်းလဲလာကာ ပြည်သူ့အကျိုးစီးပွား လျင်မြန်ထိရောက်သောကဏ္ဍတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများသည်လည်း များပြားလာသည်။ ထိုလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် မန္တလေးမြို့တွင် Business Plan Creation and Strategy Development Training ရက်တိုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်ပြီးသူများအနေဖြင့် ယခုကျင်းပပြုလုပ်သော လုပ်ငန်းချင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့ှ် SMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန် Business Match Making Workshop ကို ပြုလုပ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
အဆိုပါ စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပေး ခြင်းဖြင့်Entrepreneur များ၊ SME Startup များအတွက်ASEAN-JAPAN COBLAS Method ဖြင့် မိမိတို့၏လုပ်ငန်းများအတွက်Business Plan များ စနစ်တကျရေးဆွဲတတ်စေရန်နှင့်BMO Method ဖြင့် မိမိတို့လုပ်ငန်းများအောင်မြင်နိုင်ခြေရှိ၊ မရှိကို ကြိုတင်ခန့်မှန်းတတ်ပြီး အကျိုးရလဒ်အနေဖြင့် အောက်တိုဘာလတွင် ဂျာမနီနိုင်ငံFall Wall Lab Competition ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့်EU နှင့် ချိတ်ဆက်နိုင်မည့်အခွင့်အရေးများကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment