Tuesday, May 17, 2016

ခရီးသွားလုပ်ငန်းဆိုကျိုးကြောင့် ထိုင်းအပန်းဖြေကျွန်း ခိုတာ့ချိုင်အား ပိတ်တော့မည်


ကြီးထွားလာသည့် ခရီးသွားလုပ်ငန်းက သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးပေးသည်ဟု ထိုင်းအာဏာပိုင်များက သတိပေးလိုက်ခြင်းကြောင်း ခိုတာ့ချိုင်အပန်းဖြေကျွန်းအား ပိတ်တော့မည်ဖြစ်သည်။

ဖန်ငပြည်နယ်တွင်ရှိသည့် ယင်းကျွန်းသည် ဆီမီလန်အမျိုးသားဥယာဉ်အတွင်း ပါဝင်သည့် အပန်းဖြေကျွန်းလည်းဖြစ်သည်။

ထိုင်းနိုင်ငံက ကျွန်းကမ်းခြေရေပြင်ဥယာဉ်များ အားလုံးနီးပါးမှာ မေလလယ်မှ အောက်တိုဘာလလယ်အထိ မုတ်သုံရာသီအတွင်း ပိတ်ထားတတ်မြဲဖြစ်သော်လည်း ယခုခိုတာ့ချိုင်အပန်းဖြေကျွန်းကိုမူ ပြန်လည်ဖွင့်လှစ်မည်မဟုတ်ကြောင်း ဘန်ကောက်ပို့စ်တွင် ဖြော်ပသည်။

ကမ္ဘာလှည့်ခရီးသွားများနှင့် ရေငုပ်ရေကူးသူများအကြား ရေပန်းစားသည့် ယင်းအပန်းဖြေကျွန်းနေရာ အနည်းငယ်ကိုမူ ဆက်လက်ဖွင့်လှစ်ပေးထားဦးမည်ဖြစ်သည်။

“ကျွန်းနဲ့ ရေပြင် ပြန်လည်သန့်စင်ပြုပြင်ရေးအတွက် ခရီးသွားဧည့်သည်တွေရဲ့ နေထိုင်ပြုမှုတွေရဲ့ ဆိုးကျိုးတွေ ထပ်မရှိနေအောင် ခုလိုပိတ်ရမှာဖြစ်ပါတယ်။ တကယ်ကို ကျွန်းသာယာလှပသန့်စင်တဲ့ အထိပဲဖြစ်ပါတယ်။”ဟု အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပျိုးပင်ဌာနမှ ညွန်ကြားရေးမှူးချုပ် ထွန်းယာနက်တစ်သမ်မာကူက ပြောခဲ့သည်။

ခိုတာ့ချိုင်အပန်းဖြေကျွန်းကမ်းခြေသည် လူ ၇၀ ခန့် ကောင်းစွာအပန်းဖြေနိုင်သော်လည်း တစ်ခါတစ်ရံတွင် ရောက်ရှိသည့် ကမ္ဘာလှည့်ဧည့်ဦးရေက ၁၀၀၀ ကျော်အထိ ရှိတတ်ကြောင်း ပညာရှင်များ၏ အပြောကို ဌာနေမီဒီယာက ကိုးကားဖော်ပြသည်။

ထိုင်းနိုင်ငံသည် လှပသောပင်လယ်ကမ်းခြေနှင့် ကျွန်းစုများကြောင့် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း သန်းပေါင်းများစွာ လာရောက်နေရာ နိုင်ငံလည်းဖြစ်သည်။

Credit To >>> Mizzima Burmese



0 comments:

Post a Comment