Monday, May 16, 2016

ဘောကထာရေအားလျှပ်စစ်စီမံကိန်း လေ့လာနိုင်ရေး နော်ဝေနိုင်ငံပညာရှင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အရှေ့ရိုးမတောင်တန်းဒေသရှိ ဘောကထာချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အကြိုစမ်းသပ်လေ့လာမှုစတင်နိုင် ရေးအတွက် နော်ဝေနိုင်ငံပညာရှင်များနှင့်
သူးလေးကုမ္ပဏီတာဝန်ရှိသူများက ကျောက်ကြီးမြို့ မေတ္တာရပ်ကွက် အောက်မေ့ဖွယ်ခန်းမ၌မေ ၉ ရက် နံနက် ၁ဝ နာရီမှ ညနေ ၅ နာကျော် ထိ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းလူထုတွေ့ဆုံပွဲသို့ နော်ဝေနိုင်ငံအခြေစိုက်NORCONSULT ကုမ္ပဏီမှ နော်ဝေပညာရှင် မစ္စတာKiantar Gullbra ဦးဆောင်အဖွဲ့ခြောက်ဦး၊ သူးလေးကုမ္ပဏီKNU ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ စောတာဒိုမှူးနှင့် တာဝန်ရှိသူ
များ တက်ရောက်ခဲ့သည်။
''အဓိကအကြောင်းအရာကတော့ ဘောကထာရေအားလျှပ်စစ် အကြိုစမ်းသပ်လေ့လာဖို့လူထုနဲ့တွေ့ဆုံရတာပါ။ ရလဒ်ဆိုတာက မြေပြင်အခြေအနေကို ကိုယ်တိုင်သွားရောက်လေ့လာစမ်းသပ်မှုတွေလုပ်ပြီး အစီရင်ခံစာထွက်လာမှ
သိနိုင်မှာပါ'' ဟု ယင်းအစည်းအဝေး၌ ပြည်သူမေးမြန်းချက်ကို သူးလေးကုမ္ပဏီဥက္ကဋ္ဌ စောတာဒိုမှူးက ထည့်သွင်းပြောကြားသည်။
ယင်းလူထုတွေ့ဆုံပွဲမှာ ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ဆွေးနွေးမှုများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
''တကယ်တမ်းပြောရရင် မလုပ်စေချင်ပါဘူး။မိဘဘိုးဘွားလက်ထက် ခေတ်ကာလမကောင်းကတည်းက ဒီအရပ်ဒေသမှာပဲနေထိုင်ခဲ့ကြ
တာပါ။ ရေကာတာလုပ်မယ်ဆိုရင် ရွာကရေနစ်မြုပ်တဲ့နေရာအလယ်ဗဟိုမှာ ရောက်နေပါပြီ။မြေပုံထဲမှာလည်း ပညာရှင်တွေပြတာ မှတ်သား ရပါတယ်'' ဟု မူသဲကျေးရွာ (တောင်ပေါ်ဒေသ)နေ နော်နေထူး(အမိုးကြီး) က ပြောသည်။
ယင်းအဖွဲ့သည် မေ ၁ဝ၊ ၁၁ ရက်များတွင်စီမံကိန်းတည်ဆောက်မည့်နေရာသို့ ဒေသခံပြည်သူများလိုက်ပါလျက် သွားရောက်လေ့လာ ဆန်းစစ်မှုပြုလုပ်ခဲ့သည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment