Wednesday, May 11, 2016

ပနားမားစာရွက်စာတမ်းတွေထဲမှာ ယူကရိန်းသမ္မတနဲ့နှီးနွယ်သူတစ်ဦးရဲ့ အမည်စာရင်းပါဝင်နေ


 

ယူကရိန်းသမ္မတပက်ထရိုပေါ်ရိုရှန်ကိုရဲ့မုန့်တိုက်ကလက်ထောက်
ညွှန်ကြားရေးမှူးတစ်ဦးဟာ British Virgin ကျွန်းဆွယ်မှာမှတ်ပုံတင်ထား တဲ့ကုမ္ပဏီတစ်ခုမှအကျိုးခံစားခွင့်ရရှိနေတယ်လို့ နောက်ဆက်တွဲ
ထွက်ပေါ်လာတဲ့ ပနားမားစာရွက်စာတမ်းတွေမှာဖော်ပြထားပါတယ်။
အမိနိုင်ငံကိုအခွန်ပေးဆောင်ရေးဖိအားပေးဆောင်ရွက်တဲ့အနေနဲ့
ယူကရိန်းနိုင်ငံသားတွေအားလုံးနိုင်ငံရပ်ခြားမှာထားရှိတဲ့စီးပွါးရေးတွေ
ထုတ်ဖော်ပြောကြားရမယ့်ဥပဒေတစ်ရပ်ကိုပြဌာန်းသွားလိုတယ်လို့
ပြီးခဲ့တဲ့ဧပြီလကထုတ်ဖော်ပြောကြားခဲ့တဲ့ပေါ်ရိုရှန်ကိုအတွက်တော့
Sergei Zaitsev (ဆာဂီဇေ့ဆက်ဗ်)ရဲ့အမည်စာရင်းပါဝင်နေမှုဟာ အကျပ်ရိုက်စေတဲ့အဖြစ်လို့ဆိုရမှာပါ။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး
ပေါ်ရိုရှန်ကိုရဲ့စီးပွားရေးလုပ်ငန်းတွေကိုစုံစမ်းစစ်ဆေးသွားမယ့်
အထူးထောက်လှမ်းရေးအဖွဲ့တစ်ခုကိုဖွဲ့စည်းသင့်တယ်လို့ ထင်ရှားတဲ့
ဥပဒေပြုအမတ်တစ်ဦးက မေလ(၁၀)ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီးပေါ်ရိုရှန်ကိုရဲ့မုန့်တိုက်ပြောခွင့်ရသူအမျိုးသမီးက
မှတ်ချက်စကားပေးဖို့ငြင်းဆန်ခဲ့သလို Zaitsev(ဇေ့ဆက်ဗ်)ဟာလည်း
အလုပ်မှာမရှိတာကြောင့်မဖြေကြားနိုင်ဘူးလို့ပြောကြားခဲ့ပါတယ်။အရှေ့
ယူကရိန်းမှာရုရှားထောက်ခံသူခွဲထွက်ရေးသမားတွေနဲ့ကိယက်တပ်ဖွဲ့
တို့ကြားတိုက်ပွဲတွေဖြစ်နေချိန်(၂၀၁၄)ခုနှစ် သြဂုတ်လကအခွန်တိမ်းရှောင်
ဖို့အတွက် ယူကရိန်း သမ္မတပေါ်ရိုရှန်ကိုဟာ Prime Asset Partners
(ပရိုင်းအဆက်ပါတနာ)ဆိုတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့
တယ်လို့ ICIJ က ဧပြီလထဲမှာစွပ်စွဲပြောကြားခဲ့ပါတယ်။ပေါ်ရိုရှန်ကို
ကတော့ သူအမှားတစ်စုံတစ်ရာမလုပ်ဆောင်ခဲ့သလို၊သူ့ရဲ့စီးပွားရေးပိုင်ဆိုင်
မှုတွေအရှုပ်အရှင်းမရှိစေဖို့အတွက်ရွှေ့ပြောင်းတဲ့အနေနဲ့အခုလိုနိုင်ငံရပ်ခြားကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မဲဆွယ် စည်းရုံးရေးစဉ်ကာလအတွင်းသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချ
သွားဖို့ကိုပေါ်ရိုရှန်ကိုကကတိပြုခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြ
ထားပါတယ်။

Credit To >>> Central News Bureau

0 comments:

Post a Comment