Tuesday, November 19, 2013

အစိုးရနှင့် ABSDF ပြည်ထောင်စုအဆင့် လတ်မှတ်ထိုးမှု ရွှေ့ဆိုင်း

Photo: အစိုးရနှင့် ABSDF ပြည်ထောင်စုအဆင့် လတ်မှတ်ထိုးမှု ရွှေ့ဆိုင်း
Tuesday, November 19, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ပြည်ထောင်စု ငြိမ်းရေးဖော်ဆောင်သည့်အဖွဲ့တို့ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးရန်ကိစ္စအား အစိုးရက ဆိုင်းငံ့ရန် မေတ္တာရပ်ခံချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ရက်က တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ မဇ္ဈိမ) အဆိုပါ ပြည်ထောင်စုအဆင့်သဘောတူညီ လက်မှတ်ထိုးပွဲကို နိုဝင်ဘာလ ပြုလုပ်ရန် ခန့်မှန်းထားသော်လည်း ထိုင်နိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်ခေါင်းဆောင်များ တွေ့ဆုံရန်နှင့် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည့် ဒုတိယအကြိမ် ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲရှိသဖြင့် အစိုးရဘက်မှ ဆိုင်းငံ့ထားရန် မေတ္တာရန်ခံခဲ့သည်ဟု သိရသည်။

မူလက နိုဝင်ဘာလတွင် ပြုလုပ်ရန်လျာထားသော အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်ပြီး မည်သည့်အချိန်တွင် ပြန်လည်လုပ်မည်ကိုမူ နိုဝင်ဘာလ ၂၀ ရက်တွင် နေပြည်တော်၌ အသေးစိတ်ဆက်လက်ဆွေးနွေးရန် လျာထားသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ABSDF တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းရန် အစိုးရဘက်မှ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုအဆင့် ရွှေ့ဆိုင်းလိုက်ရခြင်းသည် နိုဝင်ဘာလ တတိယအပတ်၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများတွေ့ဆုံရန်ရှိပြီး ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့၌လည်း အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလတ်မှတ်ရေးထိုးရန်ကိစ္စများ ဆောင်ရွက်နေသဖြင့် ခေတ္တရွှေ့ဆိုင်းခဲ့ရသည်ဟု ဦးလှမောင်ရွှေက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက " ကျွန်တ်ာတို့ဘက်က စပြီး မေတ္တာရပ်ခံတာပါ၊ ဒီကြားထဲ အလုပ်တွေက တောက်လျှောက်ဆိုတော့ ခေတ္တရွှေ့ဆိုင်းလိုက်တာပါ" ဟု ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နည်းပညာအထောက်အကူပြုအဖွဲ့ နှင့် ABSDF တို့သည် မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးအပြီးတွင် နှစ်ဘက် ရှေ့ဆက်သွားရမည့် ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ABSDF ဗဟိုဦးဆောင်ကော်မတီဝင်၊ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင် ကိုကျော်ကိုက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်နေစဉ်အတွင်းတွင် ABSDF က ၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းက အစိုးရနှင့်သဘောတူညီမှု ရယူကာ မြန်မာပြည်တွင်း သို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့်ရခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်သို့ ဆွေးနွေးရန် နိုဝင်ဘာလတွင် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။


Mizzima - News in Burmese

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ပြည်ထောင်စု ငြိမ်းရေးဖော်ဆောင်သည့်အဖွဲ့တို့ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးရန်ကိစ္စအား အစိုးရက ဆိုင်းငံ့ရန် မေတ္တာရပ်ခံချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ရက်က တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ မဇ္ဈိမ)
အဆိုပါ ပြည်ထောင်စုအဆင့်သဘောတူညီ လက်မှတ်ထိုးပွဲကို နိုဝင်ဘာလ ပြုလုပ်ရန် ခန့်မှန်း ထားသော်လည်း ထိုင်နိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးပါတီများနှင့် လက်နက် ကိုင်ခေါင်းဆောင် များ တွေ့ဆုံရန်နှင့် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည့် ဒုတိယအကြိမ် ထိပ်သီးခေါင်းဆောင် များဆွေးနွေးပွဲရှိသဖြင့် အစိုးရဘက်မှ ဆိုင်းငံ့ထားရန် မေတ္တာရန်ခံခဲ့သည်ဟု သိရသည်။

မူလက နိုဝင်ဘာလတွင် ပြုလုပ်ရန်လျာထားသော အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်ပြီး မည်သည့်အချိန်တွင် ပြန်လည်လုပ်မည်ကိုမူ နိုဝင်ဘာလ ၂၀ ရက်တွင် နေပြည်တော်၌ အသေးစိတ်ဆက်လက်ဆွေးနွေးရန် လျာထား သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နည်းပညာ အထောက် အကူပြု အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ABSDF တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းရန် အစိုးရဘက်မှ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုအဆင့် ရွှေ့ဆိုင်းလိုက်ရခြင်းသည် နိုဝင်ဘာလ တတိယအပတ်၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများတွေ့ဆုံရန်ရှိပြီး ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့၌လည်း အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလတ်မှတ်ရေးထိုးရန်ကိစ္စများ ဆောင်ရွက်နေသဖြင့် ခေတ္တရွှေ့ဆိုင်းခဲ့ရသည်ဟု ဦးလှမောင်ရွှေ က ရှင်းပြသည်။

ဆက်လက်၍ ၎င်းက " ကျွန်တ်ာတို့ဘက်က စပြီး မေတ္တာရပ်ခံတာပါ၊ ဒီကြားထဲ အလုပ်တွေ က တောက်လျှောက်ဆိုတော့ ခေတ္တရွှေ့ဆိုင်းလိုက်တာပါ" ဟု ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နည်းပညာ အထောက် အကူပြုအဖွဲ့ နှင့် ABSDF တို့သည် မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးအပြီးတွင် နှစ်ဘက် ရှေ့ဆက်သွားရမည့် ကိစ္စများကို ဆွေးနွေး ခဲ့သည်ဟု ABSDF ဗဟိုဦးဆောင်ကော်မတီဝင်၊ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင် ကိုကျော်ကိုက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်နေစဉ်အတွင်းတွင် ABSDF က ၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းက အစိုးရနှင့်သဘောတူညီမှု ရယူကာ မြန်မာပြည်တွင်း သို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့်ရခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်သို့ ဆွေးနွေးရန် နိုဝင်ဘာလတွင် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။


Mizzima - News in Burmese

0 comments:

Post a Comment